နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဖာနန်ဒို ဆန်းတို့စ်

Photo: Fabrizio Romano

စက်တင်ဘာ ၁၄
ပိုလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဖာန်ဒို ဆန်းတို့စ်ကို နည်းပြရာထူးကနေ တရားဝင်ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆန်းတို့စ်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်ပြီး ပေါ်တူဂီအသင်းနဲ့လမ်းခွဲပြီးတဲ့နောက်မှာတော့ ပိုလန်လက်ရွေးစင်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
ပေါ်တူဂီ နည်းပြဟောင်း ဆန်းတို့စ်ဟာ ပေါ်တူဂီနဲ့ လမ်းခွဲခဲ့ပြီးနောက် ပိုလန်အသင်းနည်းပြအဖြစ် စုစုပေါင်း (၆)ပွဲ ကိုင်တွယ်ခဲ့ရာ (၃)ပွဲနိုင် (၃)ပွဲရှုံးခဲ့ပြီး ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေမှာလည်း ချက် မော်လ်ဒိုဗာ နဲ့ အယ်လ်ဘေးနီးယားတို့ကို ရှုံးနိမ့်ထားခဲ့သေးတာကြောင့် အခုလို ရာထူးကနေ ထုတ်ပယ်ဖို့ စီစဉ်လိုက်ရတာပဲ ဖြစ်ပါတယ်။