————————————————————————
စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) မြို့နယ် အမှတ်(၈)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို PDF အကြမ်းဖက်များမှ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ည၇နာရီ၁၀မိနစ်အချိန်ခန့်အချိန်တွင် ဗုံးနှစ်လုံးပစ်ပေါက်ထွက်ပြေး သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် PDF များသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက် ဦးပုညလမ်းရှီ အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ ဆိုင်ကယ်ဖြင့် လူ ၂ ယောက်ရောက်ရှိလာပြီး ဗုံးသီးတစ်လုံးကိုရုံးဝင်းအတွင်းသို့လည်းကောင်း၊ နောက်ထပ်ဗုံးတစ်လုံးကို ရုံးရှေ့ခြံပေါက်ဝသို့လည်းကောင်း ပစ်ပေါက်၍ ထွက်ပြေးသွားကြောင်းသိရသည်။
အဆိုပါပစ်ပေါက်သောဗုံးသီး၂ လုံးမှာ စနစ်တံဖြုတ်ထားခြင်းမရှိသည့်အတွက် လုံးဝပေါက်ကွဲခြင်းမရှိသဖြင့် လူနှင့်အခြားတစ်စုံတစ်ရာထိခိုက်မှု့မရှိကြောင်း သတင်းရရှိသည်။
#PAN