“မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်းက ရုရှား သမ္မတ ပူတင် နှင့်တွေ့ဆုံရန်​ရုရှား နိုင်ငံအတွင်းရောက်ရှိနေစဥ် မြောက်ကိုရီးယားစစ်တပ်မှ အသေးစိတ် အချက်အလက်များကို ပြောကြား ခြင်းမရှိဘဲ အရှေ့ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့​”

စက်တင်ဘာ ၁၃

မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်းက ရုရှား သမ္မတ ပူတင် နှင့် တွေ့ဆုံရန်​ ရုရှား နိုင်ငံအတွင်းရောက်ရှိနေစဥ် မြောက်ကိုရီးယားစစ်တပ်မှ အသေးစိတ် အချက်အလက်များကို ပြောကြား ခြင်းမရှိဘဲ အရှေ့ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ယနေ့ တရားဝင်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ရုရှား – ယူကရိန်း စစ်ပွဲအား အရှိန်မြှင့်တင် ပေးနိုင်ရန် မြောက်ကိုရီးယားနိုင်ငံက မော်စကို(ရုရှား)အား စစ်လက်နက် သဘောတူညီချက်များနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်မှုများ ရှိနေချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ၏ ရုရှားနိုင်ငံကို သွားရောက်နေချိန်မှာပဲ အခုလို ပစ်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံ၏ မဟာမိတ်နိုင်ငံများ၏ ပူးတွဲစစ်ဦး စီးချုပ်များသည် အဆိုပါ ပဲ့ထိန်း ဒုံးကျည် လက်နက်သည် မည်မျှ အကွာအဝေး အထိ ပျံသန်းသွားသည်ကို ချက်ချင်းမ​ဖော်ပြနိုင် သေးကြပါဘူး။

ဂျပန်နိုင်ငံ တိုကျိုကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံ ကမ်းခြေ စောင့်တပ်က အဆိုပါ မြောက်ကိုရီးယား ဒုံးကျည်သည် ပြုတ်ကျနိုင်ဖွယ်ရှိသောကြောင့် ဂျပန်ကမ်းရိုးတန်းတစ်ဝိုက်ရှိ ရေယာဉ်များအား ပြုတ်ကျလာနိုင်သည့်အရာများကို သတိထားရန် တိုက်တွန်းမှုများပြုလုပ်ခဲ့ကြပါတယ်။

ကင်မ်သည် ယူကရိန်းတွင် ရုရှားစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော နိုင်ငံတကာ အာရုံထွေပြား မှုများရှိနေချိန်တွင် မြောက်ကိုရီးယား၏ လက်နက်များ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင် ရန် ၂၀၂၂ ခုနှစ်အစမှ စတင်ကာ ဒုံးကျည် အကြိမ် ၁၀၀ ကျော် ပစ်လွှတ်ခဲ့ပြီး လည်းဖြစ် ကြောင်း သတင်းဌာနများက ဖော်ပြပြော ဆိုထားကြပါတယ်။