ပေါင်မြို့နယ်မှ ပရဟိတသမားတစ်ဦးအား PDFများကပစ်ခတ်

စက်တင်ဘာ ၁၃


မွန်ပြည်နယ် ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာမှာနေထိုင်သည့် ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့များက ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။


ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရင်းငြိမ်တောင်ကျေးရွာနေ ဦးကျားကြီး (ဘ)ဦးပါ ၆၃ နှစ်သည် နေအိမ်မှအထွက် ဓမ္မာရုံသို့ကျောင်းတိုက်အရှေ့အရောက်တွင် PDF အကြမ်းသမားများမှ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

PDF အကြမ်းဖက်သမား နှစ်ဦးသည် ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း သထုံမြို့နယ်ဘက်မှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးကျားကြီးကို သေနတ်ဖြင့် ပစ်ခတ်ရာ ဝဲဘက်ပေါင်၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိကြောင်း သိရသည်။


အဆိုပါ‌ အကြမ်းဖက် PDF သေနတ်သမားနှစ်ဦးသည် ဦးကျားကြီးဆိုသူအား ပစ်ခတ်ခဲ့ပြီး ဇင်းကျိုက်ကျေးရွာဘက်သို့ ထွက်ပြေးမောင်းနှင်သွားကြောင်းသိရပြီး ပသ်ခတ်ခံရသည့် ဦးကျားကြီးအားရင်ငြိမ်တိုက်နယ်ဆေးရုံသို့ဆေးကုသမှုခံယူရန်ပို့ဆောင်ထားကြောင်း သိရသည်။

ဦးကျားကြီးသည် ပရဟိတစေတနာဝန်ထမ်းဖြစ်‌ပြီး ကျောင်းဖွင့်ရက်များတွင် ရင်းငြိမ်အထက်တန်း‌ကျောင်းရှေ့တွင် ဘောင်းဘီနက်ပြာရောင်ဝတ်ဆင်ပြီး ကျောင်းသူကျောင်းသားများ ယာဉ်အန္တာရာယ်ကင်းရှင်းစေရန် အမြဲလုပ်ဆောင် ကူညီပေးနေသူဖြစ်ကြောင်း သိရသည်။

#PAN