“တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုဆန့်ကျင်သည့် အမည်မဖော်လိုသော အမေရိကန်သူလျှို အေဂျင်စီ တစ်ခုတွင် လုပ်ကိုင်ခဲ့သည့် ဟောင်ကောင်နွယ်ဖွား John Leung အား တရုတ်နိုင်ငံတရားရုံးက ထောင်ပြစ်ဒဏ် ချမှတ်ခဲ့”

စက်တင်ဘာ ၁၃

ဟောင်ကောင်နွယ်ဖွားဖြစ်သည့် John Shing-wan Leung ဆိုသူအား ​​အမေရိကန်နိုင်ငံကိုယ်စား တရုတ်နိုင်ငံအတွင်း သူလျှိုလုပ်မှုများနှင့် ပတ်သတ်ပြီး တရုတ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံလုံခြုံရေးဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၁၂ရက်နေ့က အတည်ပြု ပြေားကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုဆန့်ကျင်သည့် “အမည်မဖော်လိုသော Unknown အမေရိကန်သူလျှိုအေဂျင်စီ” တွင်အလုပ်လုပ်နေသည့် Leung သည် အဆိုပါ အမေရိကန် သူလျှို အဖွဲ့အစည်းတွင် နှစ် ၃၀ ထိ အလုပ်အကိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် covid ကူးစက်ရောဂါများကြောင့် ကန့်သတ်ချက်များ ဖြစ်ပေါ်ကာ တရုတ်နိုင်ငံ သို့လာရောက် လည်ပတ်ရန်ခက်ခဲလာသောအခါတွင် သူ၏ တရုတ်ပြည် သူလျှို လုပ်ငန်းများသည် ပြီးဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို သူလျှိုလုပ်သည်ဆိုသည်မှာ အံ့သြစရာ မဟုတ်သော်လည်း Leung သည် US(အမေရိကန်) တွင် ပရဟိတ social စာမျက်နှာ တစ်ခု ထူထောင်ခဲ့ပြီး ၎င်း၏ကိုယ်ရေးအကျဉ်းကိုမြှင့်တင်ရန် အမေရိကန်နိုင်ငံရေးပုဂ္ဂိုလ်များထံ အလှူငွေမြောက် မြားစွာ တောင်းဆိုမှု များပြုလုပ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ထို့နောက် Leungသည် ၎င်း၏ ပစ်မှတ်များကို ခြိမ်းခြောက်ရန်အတွက် “ပျားထောင်ချောက်” ဆိုသော နည်းဗျူဟာများကို အသုံးပြုခဲ့ တယ်လို့ လည်း တရုတ်အစိုးရက ယုံကြည်နေပြီး အဆိုပါ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းကို ပြင်ပနိုင်ငံများ မှ အရင်းအနှီး ထုတ်ပေးခဲ့တယ်လို့လည်း တရုတ်အစိုးက သဘောပေါက်နားလည်ထားပါတယ်။

အမေရိကန် နိုင်ငံ၏ သူလျှို လုပ်ငန်း လုပ်ကိုင်သူ Leung ကို ပြီးခဲ့သည့် မေလတွင် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး လည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားပါတယ်။