ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီး PDF အကြမ်းဖက်များထောင်ထားသော မိုင်းများကို နယ်မြေလုံခြုံရေးအဖွဲ့များက ဖော်ထုတ်ရှင်းလင်း

စက်တင်ဘာ ၁၂

     ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ချောင်းဦးမြို့ နယ်၊ နတ်ရေကန်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များက မိုင်းများထောင်ထားကြောင်း အဆို ပါကျေးရွာမှ တာဝန်သိပြည်သူများ၏ သတင်း ပေးလာမှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်၍ မိုင်းရှင်းလင်းခြင်းများကို ဆောင် ရွက်ခဲ့ကြောင်း သိရပါသည်။

      လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုသို့ မိုင်းများဖော်ထုတ်ရှင်းလင်းရာ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊ ဆီပုံးမိုင်းကြီး ၂ လုံး၊ ဘက္ထရီအိုး ၇ လုံး၊ ကီးပတ်ဖုန်း ၃ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ရီမုဆားကစ် ၂ ခုတို့အား သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

       အကြမ်းဖက်သမား PDF များအနေဖြင့် နယ်မြေလုံခြုံရေးအဖွဲ့များ၊ တပ်မတော် စစ် ကြောင်းများကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိသဖြင့် ပြည်သူအများ အသုံးပြုသွားလာနေသော လမ်းများပေါ်တွင် ယခုလို မိုင်းထောင်ခြင်းများပြုလုပ်လာကြကြောင်း သိရပါသည်။

#PAN