“အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် G20 ဆိုင်ရာ ထိပ်သီး ခေါင်းဆောင်များအစည်းအဝေး ကြီး၏ နောက်ဆုံးကြေညာချက်များ နှင့် အဓိက အချက်များ”

စက်တင်ဘာ ၉

  • G20 ခေါင်းဆောင်များသည် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံ တို့မှ စားနပ်ရိက္ခာ၊ ဓာတ်မြေ သြဇာ ထောက်ပံ့ပေးပို့မှုများ သေချာ စေရန် နှင့် ဂျုံ သို့မဟုတ် စပါး တင်ပို့မှု သဘော တူညီချက်များ ကို အပြည့်အဝ အကောင်အထည် ဖော်ရန် တောင်းဆို ခဲ့ကြပါတယ်။
  • G20 သည် နျူလက်နက်များအသုံးပြုခြင်း သို့မဟုတ် နျူးကလီးယား လက်နက် ခြိမ်းခြောက် မှုများကို ဆန့်ကျင်ကြောင်း။
  • ယူကရိန်းနိုင်ငံ အတွင်းဖြစ်ပေါ်နေသော အခြေအနေများ နှင့် အကဲဖြတ်မှုဆိုင်ရာ အမြင်များနှင့် ကွဲပြားမှုများ အပေါ် အသိအမှတ်ပြုကြောင်း။
  • G20 ခေါင်းဆောင်များက WTO (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့) အား ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ရန် တောင်းဆိုခဲ့ကြပါတယ်။
  • G20 ခေါင်းဆောင်များသည် “ငြိမ်းချမ်းသော ပဋိပက္ခဖြေရှင်းရေးနည်းလမ်းများ နှင့် တွေ့ဆုံဆွေးနွေးရေးများ” ၏ အရေးကြီးသော အရေးပါမှုကို သတိပြုမိကြောင်း။
  • ကမ္ဘာ့ နိုင်ငံအသီးသီး၏ နယ်မြေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ အပါအဝင် နိုင်ငံတကာ ဥပဒေ၏ အခြေခံမူများကို လေးစား လိုက်နာကြရန် G20 ခေါင်းဆောင်များက တောင်းဆိုခဲ့ကြပါတယ်။
  • G20 ထိပ်သီးအစည်းအဝေးသည် လက်ရှိ ဖြစ်ပေါ်နေသော ပထဝီဝင် နိုင်ငံရေး ပြဿနာ များ ကို ဖြေရှင်းရန်အတွက် နေရာ တစ်ခုမဟုတ်ပါ။
  • နောက်လာမည့် G20 ထိပ်သီး အစည်းအဝေးများကို ဘရာဇီးက လာမည့် (၂၀၂၄)၊ တောင်အာဖရိက (၂၀၂၅)၊ USA အမေရိကန်က (၂၀၂၆)၊ စသည့်ဖြင့် ကျင်းပပြုလုပ်သွားမည်။
  • အာဖရိကသမဂ္ဂ အား G20 သို့ဝင်ရောက်ခြင်းသည် ကမ္ဘာ့ပြဿနာများ ကိုဖြေရှင်းနိုင်မည်ဖြစ်သည်။
  • ယခုလို နိုင်ငံစုံ စနစ်ကြီးတွင် ပိုမိုပါဝင်နိုင်မှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် G20 ခေါင်းဆောင် များက တောင်းဆိုခဲ့ကြပါတယ်။
  • ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံတကာ ဘဏ္ဍာရေးနှင့် စီးပွားရေးအဖွဲ့အစည်းများက ပိုမိုကောင်းမွန်စွာ ကိုယ်စားပြုပေးနိုင်ရမည်။
  • G20 ခေါင်းဆောင်များသည် အဖွဲ့အစည်း ကြီး၏ မဟာဗျူဟာဖြစ်သည့် ၂၀၃၀ ထိ စဉ်ဆက်မပြတ် ကမ္ဘာ့ စီးပွားရေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် တိုးတက်မှု ရရှိစေရန် ပါဝင်သွား ကြရမည် ဖြစ်သည်။
  • G20 နိုင်ငံများသည် ကမ္ဘာ့လူမှုရေးဆိုင်ရာ အကာအကွယ်ပေးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာပြတ်လပ်မှုကို ဖြေရှင်းသွားကြရန် ကတိကဝတ်ပြုခဲ့ကြပါတယ်။
  • G20 ခေါင်းဆောင်များသည် သဘာဝ ဘေးဒဏ်ခံရပြီးနောက် အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံဖလှယ်ရာတွင် လွယ်ကူချောမွေ့စေရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
  • G20 နိုင်ငံများသည် လာမည့် ၂၀၃၀ တွင် ပျက်စီးသွားသောကမ္ဘာကြီး၏ ဂေဟစနစ် အားလုံး၏၃၀ရာခိုင်နှုန်းများ ကို ပြန်လည် ထူထောင်ရန် ကတိပြုခဲ့ကြပါတယ်။
  • G20 နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေရန် ဆောက်ရွက်သွားကြမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ် လို့ သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။