စက်တင်ဘာ ၉
သပိတ်ကျင်းမြို့နယ်၊တကောင်းနယ်မြေရဲစခန်းမှ ရဲတပ်သား ဇော်ဇော်အောင်သည် တကောင်းလမ်းဆုံရှိ စက်သုံးဆီဆိုင်သို့ ဆိုင်ကယ်ဆီထည့်ရန် တစ်ဉီးတည်းသွားရောက်စဉ် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် တကောင်းလမ်းဆုံနှင့်ဖုန်ကုန်းလမ်းဆုံကြားအရောက်မှာအကြမ်းဖက် PDF ၆ဦး က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲတပ်သား ဇော်ဇော်အောင်မှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းသိရသည်။
၄င်းကိုင်ဆောင်သည့် သေနတ်မှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရပြီး ဖြစ်စဉ်နှင့်ပါတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ လိုက်လံစစ်ဆေးလျှက်ရှိပြီး အမြန်ဆုံးအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေရန်ရည်ရွယ်ပြီး ရဲတပ်ဖွဲ့စခန်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အပစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်လျှက်ရှိသည်။
#PAN