စက်တင်ဘာ ၉
ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ တာပါယ်ကျေးရွာအုပ်စု၊ တာပါယ်ကျေးရွာအနီး တာ ပါယ် – သဲတောကန်သွား မြေသားလမ်းမပေါ်တွင် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ကို အကြမ်းဖက် သမား PDF များက သတ်ဖြတ်သွားကြောင်း သိရပါသည်။
အဆိုပါ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသဖြင့် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရောက်ရှိစစ်ဆေးခဲ့ရာ အမည် /နေရပ်လိပ်စာ(စုံစမ်းဆဲ) ၅၅ နှစ်ခန့် ၊
အဝါနုရောင်တီရှပ်အင်္ကျီနှင့် အညိုရောင်ကွပ်စိပ်ပုဆိုး ဝတ်ဆင်ထားသည့်အမျိုးသား ၁ ဦးကို ဦး ခေါင်းနောက်စေ့ဖောက် ဝင်ဒဏ်ရာ ၃ ချက်၊ ယာဘက်ပါးရိုးဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် မျက် နှာအားအဝတ်စဖြင့်စည်းနှောင်ထားပြီး လက်နှစ်ဖက်အား နောက်ပြန်ကြိုးတုပ်၍ မှောက်လျက်အနေအထားဖြင့် လဲကျသေဆုံးနေကြောင်း၊ အနီးဝန်းကျင်မှ ၇.၆၂×၃၉ Ak ကျည်ခွံ ၃ ခုတွေ့ရှိသိမ်းဆည်းရရှိကြောင်း သိရပါသည်။
အကြမ်းဖက်သမား PDF များကို ဖမ်းဆီးရမိရေး အခင်းဖြစ်အနီး ပတ်ဝန်းကျင်နေရာများတွင် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်း နယ်မြေရှင်းလင်း ပိတ်ဆို့ရှာဖွေလျှက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN