စက်တင်ဘာ ၉
ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ တက်စီကျေးရွာအနီး၊ နွားထိုးကြီး – ရေဝန်းသွားကားလမ်းဘေး တက်စီကား ဂိတ်ဟောင်းမှ မြောက်ဘက်သို့သွားသည့် လှည်း လမ်းမပေါ်တွင် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ကို အကြမ်းဖက်သမား PDF များက သတ်ဖြတ်သွားကြောင်း သိရပါသည်။
အဆိုပါ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသဖြင့် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရောက်ရှိစစ်ဆေးခဲ့ရာ အမည်နေရပ်/ လိပ်စာ(စုံစမ်းဆဲ)အသက် ၃၅ နှစ်ခန့် ၊ Naniu Company တံဆိပ်ပါ အစိမ်းရောင်တီရှပ်အင်္ကျီနှင့် အစိမ်းရောင်ကွပ်စိပ်ပုဆိုး ဝတ်ဆင် ထားသည့်အမျိုးသား ၁ ဦးတွင် ဦး ခေါင်းနောက်စေ့ဖောကင်ဝင်ဒဏ်ရာ ၁ ချက် ဖြင့် မျက်နှာကို ပိတ်စဖြင့်စည်းနှောင်ထားပြီး လက်နှစ်ဖက်အား နောက်ပြန်ကြိုးတုပ်၍ မှောက်လျက် အနေအထားဖြင့်လဲကျသေဆုံးနေကြောင်း၊ အနီးဝန်းကျင်မှ Thai Arms ကျည်ခွံ ၂ ခု တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရပါသည်။
အကြမ်းဖက်သမား PDF များကို ဖမ်းဆီးရမိရေး အခင်းဖြစ်အနီး ပတ်ဝန်းကျင်နေရာများတွင် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်း နယ်မြေရှင်းလင်း ပိတ်ဆို့ရှာဖွေလျှက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN