စက်တင်ဘာ ၇
ရုရှား နိုင်ငံက လာမည့် စက်တင်ဘာ ၁၂ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ ကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးပွဲကြီးတွင် ယူကရိန်းနိုင်ငံသို့ အနောက်အုပ်စုနိုင်ငံများမှ စစ် လက်နက်များ ပေးပို့မှုအား ပြန်လည် သုံးသပ်ဆွေးနွေးနိုင်ရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းဆိုင်ရာ ရုရှား၏ လက်ထောက်အမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky က တောင်းဆိုထား ကြောင်း သတင်းဌာနများက ပြီးခဲ့သည့် စက်တင်ဘာ ၆ရက်နေ့က ဖော်ပြပြောဆိုထားကြ ပါတယ်။
ထို့နောက် သတင်းဌာနများက “ယူကရိန်းကို အနောက်နိုင်ငံလက်နက်တွေ ထောက်ပံ့ရေးနဲ့ ဖြေရှင်းရေး အလားအလာ တွေကို ဟန့်တားမည့် အချက်တွေကို စက်တင်ဘာ ၁၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်” လို့ ၎င်းက တရားဝင် ထုတ် ပြန်ကြေညာ ထားကြောင်း လည်းဖော်ပြပြော ဆိုထား ပါတယ်။