မြို့သာကျေးရွာကို အကြမ်းဖက်သမားများက Drop Bomb ဖြင့်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး နှင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၅

ငါန်းဇွန်မြို့နယ်၊မြို့သာနယ်မြေရဲစခန်းအား အကြမ်းဖက် PDF အဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ဒရုန်း​ဗုံး ၁လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရဲစခန်း၏မြောက်ဘက် ကိုက် (၄၀၀)ခန့်အကွာ၊မြင်းခြံ-မြို့သာ-တံတားဉီး သွားကားလမ်း မြောက်ဘက်ရှိ ရွှေကြယ်စင် စားသောက်ဆိုင်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စားသောက်ဆိုင်သို့ လာရောက်စားသုံးသူ ဉီးကိုလွင်၊၃၅နှစ်၊(ဘ)ဉီးသန်းဝင်း၊ တောင်ဇင်းကျေးရွာ၊ညောင်ဉီးမြို့နယ်နေသူတွင် ဝဲဘက်ခြေထောက် ပေါက်ပြဲဒဏ်ရာနှင့်၎င်း၏သားဖြစ်သူ အောင်ထူးမြတ်၊၄နှစ်၊(ဘ)ဉီးကိုလွင်တွင် ဉီးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ကာ ဒဏ်ရာရရှိသူ ၂ဉီးအား မြို့သာတိုက်နယ်ဆေးရုံမှတဆင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းတင်ပို့ ကုသထားကြောင်း သတင်းရရှိပါသည်။

#PAN