မဟာအောင်မြေမြို့နယ် မဟာအောင်မြေအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအားး အကြမ်းဖက် သမား ၂ဉီးက လက်ပစ် ဗုံးသေနတ်တို့ဖြင့် ပစ်ခတ်

စက်တင်ဘာ ၄

မဟာအောင်မြေမြို့နယ်၊ ၄၀လမ်း ၈၁×၈၂ လမ်းကြားရှိ မဟာအောင်မြေအရှေ့ရပ်ကွက်၊အုပ်ချုပ်ရေးမှုးရုံးအား PDF အကြမ်းဖက် ၂ ဦးမှ ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

လမ်း ၄၀ အတိုင်း အနောက်မှအရှေ့သို့မောင်းနှင်လာသည့် နံပါတ်(စိစစ်ဆဲ)CZI ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား(၂)ဦးက ရပ်ကွက်ရုံးအားလက်ပစ်ဗုံး (၂)လုံးဖြင့် ပစ်ခတ်ပြီးသေနတ်အတို(စိစစ်ဆဲ)တို့ဖြင့် (၃)ချက်ပစ်ခတ်ခဲ့ရာ လက်ပစ်ဗုံးမှာရပ်ကွက်ရုံးရှေ့သို့ကျ ရောက်ပေါက်က်ကွဲခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်များ၏ ပစ်ခတ်မှုကြောင့် ရပ်ကွက်ရုံးရှေ့အပေါ်လေကာမှန်နှင့် အောက်လေကာမှန်ကွဲခဲ့ပြီး မဟာအောင်မြေအရှေ့ရပ်ကွက်မီးသတ်ရုံးတွင် ရပ်တန့်ထားသည့် DFAC အမျိုးအစား၊ မီးငြိမ်းသတ်ယာဉ် ၏ ရှေ့လေကာမှန်ကွဲကြေခ​ဲ့​ပြီးရပ်ကွက်ရုံးတာဝန်ကျ မင်းသီဟ(ခ)သီဟ၊၂၃နှစ်၊ (ဘ)ဦးဝင်းကြည် တွင် အောက်နှုတ်ခမ်းပေါက်ပြဲ၊ အောက်သွား(၃)ချောင်းကျိုးဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိသူအား မဆရ(၁)၊ နန်းတွင်းသို့ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာ၌ လက်ပစ်ဗုံးကြိုးဆွဲကလစ်(၂)ခု၊ ဘောစိများနှင့် USA 380Auto ကျည်ခွံ(၃)ခုတို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိသည်။