“တောင်အာဖရိက သမ္မတ က ၎င်းတို့နိုင်ငံ အနေဖြင့် ရုရှားနိုင်ငံ သို့ လက်နက်များတင်ပို့ နေသည်ဆိုသော အမေရိကန်နိုင်ငံ၏ စွပ်စွဲချက် အား ငြင်းဆိုခဲ့”

စက်တင်ဘာ ၄

ရုရှားနိုင်ငံကို လက်နက်တင်ပို့မှု အထောက်အထား မတွေ့ရှိရဘူးလို့ တောင်အာဖရိက က ပြောပါတယ်။ တောင်အာဖရိကသမ္မတ Cyril Ramaphosa သည် ယမန် နှစ်နှောင်းပိုင်း တွင် တောင်အာဖရိကတွင် ရုရှားသင်္ဘော တစ်စင်း က လက်နက်များ သယ်ဆောင်သွား သည်ဆိုသော အမေရိကန် ၏စွပ်စွဲချက်အား သတင်းဌာနများ၏ စုံစမ်းမေးမြန်းမှုတွင် အဆိုပါ သင်္ဘောသည် ရုရှားနိုင်ငံသို့ လက်နက်များ သယ်ဆောင်သွားခဲ့သည့် အထောက်အထား များ မတွေ့ရှိရကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၃ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

“ရုရှားကို လက်နက်တွေ ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေဟာ မှန်ကန်ကြောင်း သက်သေပြခြင်း မရှိသေးပါဘူး” လို့ Ramaphosa က နိုင်ငံအတွက် မိန့်ခွန်းပြောကြားစဥ်တွင် ပြောကြားခဲ့ တာဖြစ်ပါတယ်။

“လက်နက် တင်ပို့ခွင့်ကို ခွင့်မပြုသလို လက်နက် တင်ပို့ခွင့်လည်း မရှိဘူး” လို့ ၎င်းက ပြောဆို ခဲ့တာဖြစ်ပါတယ်။