နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၅)ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့ တစ်ဖွဲ့ချင်း သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး တတိယနေ့တွေ့ဆုံ ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

စက်တင်ဘာ ၁

      နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့၊  ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ကွပ်ကဲရေးမှူးအဆင့်ရှိ  စောဘညိမ်းအောင် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့၊ KNU/KNLA-PC  ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU ) ဒုတိယ ဥက္ကဋ္ဌ ကျာဖူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊   ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ   ခွန်သူရိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့နှင့် ယနေ့ နံနက်ပိုင်းတွင်  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ တစ်ဖွဲ့ချင်း သီးခြားစီ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် တစ်ဖွဲ့ချင်းစီ၏ တင်ပြချက်များ၊ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ 

        မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-P ၊ LDU ၊ PNLO)၏ ကိုယ်စား လှယ်အဖွဲ့တို့သည် အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်း အဝေးခန်းမ၌ တတိယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား   ဆက်လက်ကျင်းပ ပြုလုပ်သည်။

        တွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊  အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး    ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု  ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ  (ALP)မှ  ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA-PC ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊  လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)မှ စစ်ကွပ်ကဲရေးမှူး အဆင့်ရှိ  စောဘညိမ်းအောင်တို့ ဦးဆောင်သည့်  ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

      တွေ့ဆုံဆွေးနွေးပွဲတွင်  သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ကိုယ်စား ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က  နိဂုံး ချုပ် အမှာစကားများပြောကြားခဲ့ပြီးနောက် လက်ဆောင်ပစ္စည်းများ ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

#PAN