အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာအနီးတွင် အကြမ်း ဖက်သောင်းကျန်းသူ PDF များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်း

သြဂုတ် ၁၈

        စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့ နယ်၊ နောင်ကြီးအိုင်ကျေးရွာအနီးတွင် အကြမ်း ဖက်သောင်းကျန်းသူ PDF များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က ယနေ့ နံနက်ပိုင်းက သွားရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

     ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ အကြမ်းဖက်သောင်းကျန်းသူ PDF ၁ ဦးကို KA သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ M-22 ကျည် ၃၀တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည် တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

     ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များ၏ လူမဆန်သော အကြမ်းဖက်သတ်ဖြတ်မှုများ၊ လက် နက်အားကိုးဖြက့် ဓားပြတိုက်လုယူမှုများ၊ အဓမ္မဆက်ကြေးကောက်ခံမှုများ စသည့် အကြမ်းဖက်လုပ်ရပ်များကို ပြည်သူများက ၎င်းတို့ကို စိတ် ကုန်မုန်းတီးလာကြသဖြင့် ယခုရက်ပိုင်းတွင် အကြမ်းဖက် PDF များ၏ ခိုအောင်းနေရာများကို နီးစပ်ရာ နယ်မြေခံလုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့မှုများ ဆက်တိုက်ပြုလာကြကြောင်း ကြားသိရပါသည်။

#PAN