ကလေးမြို့၊ သဇင်ရပ်ကွက်ရှိ “အဆွေတော်” ဆိုင်ကယ်အပိုပစ္စည်းရောင်းသည့် ဆိုင်ပိုင်ရှင် အငြိမ်း စားတပ်ကြပ်ကြီး တစ်ဦးကို အကြမ်းဖက်သောင်း ကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်

သြဂုတ် ၁၈

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ သဇင်ရပ်ကွက်ရှိ “အဆွေတော်” ဆိုင်ကယ်အပိုပစ္စည်း ရောင်းသည့် ဆိုင်ပိုင်ရှင် ဦးဇော်ညွန့်၊ ၅၀ နှစ်၊ စစ်မှုထမ်းဟောင်း၊တပ်ကြပ်ကြီး (အငြိမ်းစား)ကို အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

        ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဦးဇော်ညွန့် သည် နေအိမ်ဈေးဆိုင်းရှေ့၌ တံမျက်စည်းလှဲနေစဉ် အကြမ်းဖက် PDF များ ရောက်ရှိလာပြီး ၎င်းကို သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဇော်ညွန့် မှာ လည်ပင်းကျည် ဖောက်ဝင်ပြီး ဘယ်ဘက်မေးရိုးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာဘက်ညှပ်ရိုး အောက်မှကျည်ဖောက်ဝင် ညာဘက်နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် စုစုပေါင်း ဒဏ်ရာ ၄ ချက် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

        အဆိုပါ သေဆုံးသူ ဦးဇော်ညွှန့်မှာ (၂၀၀၄) ခုနှစ်တွင် ထလရ(၉) မုံရွာမှ တကကအဆင့်ဖြင့် အငြိမ်းစား ယူခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

#PAN