ရေးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF အဖွဲ့က ခရီးသည်တင်ယာဥ်တစ်စီးကိုပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ် ရာရ

သြဂုတ် ၁၇

       ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မွန်ပြည်နယ် ရေးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဥ်တစ်စီးကို နှစ်ကရင်လမ်းဆုံအနီး၌ အကြမ်းဖက်သောင်းကျန်း သူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့သည်။

      ပစ်ခတ်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အပြစ်မဲ့ပြည်သူ မမေရတနာထွန်း အဏ္ဏဝါရပ်ကွက်၊ ရေးမြို့နေသူတွင် ဝဲရင်အုံ လက်နက် ငယ်ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်းသိရသည်။

      အကြမ်းဖက် KNLAနှင့် PDF အဖွဲ့သည် ရေးမြို့နယ်အတွင်း ဆက်ကြေးကောက်ခြင်း၊ အခ ကြေးငွေရယူ လူသတ်ခြင်း စသည့် အကြမ်း ဖက်မှုများကို ကျူးလွန်လျက်ရှိပြီး ပြည်သူများအား အကြောက်တရားဖြင့် ထိန်းချုပ်ရန် ကြိုးစားလျက်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များအပေါ်ပြည်သူများက မထောက်ခံသည့်အပြင် စက်ဆုပ်ရွံမုန်းမေကြကြောင်းနှင့် ၎င်းတို့ကို အမြန်ဆုံးတားဆီးနှိမ်နင်းပေးစေလိုကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာသည်။

#PAN