လားရှိုးမြို့နယ်၊ ဟိုလောင်းရွာအနီးရှိ အကြမ်း ဖက်TNLA စခန်းကုန်းကို တပ်မတော်စစ် ကြောင်းက ချေမှုန်းသိမ်းပိုက်

သြဂုတ် ၁၅

      ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့နယ်၊ ဟိုလောင်းရွာအနီးရှိ အကြမ်းဖက်TNLA စခန်းကုန်းကို သြဂုတ်လ ၁၄ ရက်နေ့တွင် တပ်မတော်စစ် ကြောင်းက သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ တပ်မတော်စစ်ကြောင်းက တိုက်ခိုက်ရာ စခန်းကုန်းအားသိမ်းပိုက်နိုင်ခဲ့​ကြောင်း၊ ၎င်းစခန်းအတွင်း အကြမ်းဖက် TNLA  ၂ ဦးကို သေနတ် ၂ လက်နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။

       တိုက်ပွဲတွင် ပါဝင်သူ တပ်ကြပ် တစ်ဦးရဲ့ မျက်မြင်တွေ့ချက်အရ “TNLA အဖွဲ့ကကောင်တွေ သူတို့ အလောင်းတွေဆွဲသွားတာ ၇ ကောင်လောက်ရှိတယ်” ဟုပြောကြားခဲ့ပြီး တပ်မတော်စစ်ကြောင်းဖက်မှ ထိခိုက်သေဆုံးမရှိကြောင်း သတင်းရရှိပါသည်။

#PAN