ဘားအံရေဘေးကယ်ဆယ်ရေးစခန်းတခုထပ်မံဖွင့်လှစ်

သြဂုတ် ၈

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘားအံမြို့ မြေနိမ့်ပိုင်း နေရာများတွင် ရေကြီးရေလျှံမှုများထပ်မံဖြစ်ပေါ်လာသဖြင့် ယနေ့ သြဂုတ်လ ၈ရက် နံနက် ၇ နာရီ အချိန်ခန့်တွင် ဘားအံမြို့အမှတ်( ၉) ရပ်ကွက်ပြည်နယ်ကမ္မဌာန်းဘုန်းကြီးကျောင်းဆောင်၌ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။

ဘားအံမြို့ အမှတ်( ၉) ရပ်ကွက်ဝါဆိုဦးအောက်ပိုင်းလမ်းများမှ အိမ်ထောင်စု( ၄၀) လူဦးရေကျား( ၇၇) ဦးမ ( ၉၅) ဦးစုစုပေါင်း ( ၁၇၂) ဦးတို့အား ရေဘေးကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ဘားအံမြို့တွင် စုစုပေါင်းရေဘေးစခန်း ၆ ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

#PAN