“ဟန်ဂေရီ အစိုးရက လုံခြုံရေး အားနည်းချက် များကို ကိုင်တွယ်ဖြေရှင်းရန် တုံ့ဆိုင်း နေခြင်း ကြောင့် အမေရိကန်နိုင်ငံက ဗီဇာကင်း လွတ်ခွင့် ကို ကန့်သတ်မှုများပြုလုပ်ခဲ့”

သြဂုတ် ၂

အမေရိကန်နိုင်ငံ သည် ဟန်ဂေရီ နိုင်ငံသား များအတွက် ဗီဇာကင်း လွတ်သွား လာခွင့်ကို ကန့်သတ် ထားလိုက် ပြီလည်းဖြစ်ပါတယ်။

အဆိုပါ ဗီဇာကင်းလွတ်သွားလာခွင့်အား ကန့်သတ်လိုက်သည့် တရားဝင် အကြောင်းပြချက်မှာ ဟန်ဂေရီအစိုးရသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မှန်ကန်သောအတည်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် ၁ သန်း နီးပါးထုတ် ပေးခြင်းအတွက်ကြောင့်လည်းဖြစ်ပါတယ်။

လုံခြုံရေးအားနည်းချက်များကို ကိုင်တွယ် ဖြေရှင်းရန် ဟန်ဂေရီအစိုးရမှ တုံ့ဆိုင်း နေခြင်းကြောင့် Visa Waiver Program (VWP) မှ အကျိုးအမြတ်ရရှိနိုင်သည့် ဟန်ဂေရီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူအားလုံးအတွက် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲလိုက်ပြီလို့ ဟန်ဂေရီနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြီးခဲ့သည့် သြဂုတ်လ ၁ရက်နေ့က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။