“တောင်ကိုရီးယားနိုင်ငံတွင် တောင်-မြောက် ကိုရီးယားစစ်ပွဲများအတွင်း နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူလက် မှတ်ရေးထိုးခဲ့သည့် နှစ် ၇၀ပြည့် နှစ်ပတ် လည်နေ့ ကျင်းပပြုလုပ်ခဲ့”

ဇူလိုင် ၂၈

တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ Yoon Suk-yeol က အမေရိကန်နဲ့ ဂျပန်တို့နဲ့ ပိုမိုခိုင်မာတဲ့ စစ်ရေးမဟာမိတ်အဖြစ် ၎င်းတို့၏ နိုင်ငံကို နိုင်ငံရေးအရ ရွှေ့လိုက် ပြီးတဲ့နောက်ပြီးခဲ့သည့် ဇူလိုင် ၂၈ရက် ကြာသပတေးနေ့တွင် တောင်-မြောက် ကိုရီးယားစစ်ပွဲများအတွင်း နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ ကို တောင်ကိုရီးယား နိုင်ငံတွင် လည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။။

သို့သော်လည်း တောင်ကိုရီးယား လူမှုအဖွဲ့အစည်း များကို ကိုယ်စားပြုသည့် တက်ကြွလှုပ်ရှားသူများက တောင်ကိုရီးယား-မြောက်က်ုရီးယား နှစ်နိုင်ငံ “ပေါင်းစည်းရေးတံတား” အနီးတွင် ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က ကြေငြာချက်များထုန်ပြန်ခဲ့ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြ ထုတ်ဖော်ခဲ့ကြပါတယ်။

သမ္မတ Yoon ၏ နိုင်ငံရေး မူဝါဒများနှင့် စစ်ရေးမဟာမိတ်များကြောင့် လူတိုင်းကို စစ်ပွဲအန္တရာယ်ဖြစ်စေကြောင်း ဆန္ဒပြထုတ် ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်လို့ သတင်း ဌာနများကဖော်ပြပြောဆိုထားကြပါတယ်။