ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

(၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၉ ရက်)
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်)

၁။ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ နယ်၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ ကျောင်း(ထားဝယ်)မှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ၇ ဦး တို့အား PDF အမည်ခံ အကြမ်း ဖက်သမားများက ဇူလိုင် ၂၀ ရက်တွင် အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဇူလိုင် ၂၂ ရက်တွင် အဆိုပါကျောင်းသို့ စိုက်ပျိုး ရေးပညာရပ်များ သင်ကြားပို့ချပေးနေသော လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးအားလည်း PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် ပစ်ခတ် သတ် ဖြတ် လုပ်ကြံသွားကြောင်း စိတ်နှလုံးမချမ်း မြေ့ဖွယ် ကြားသိရပါသည်။
၂။ အဆိုပါလုပ်ရပ်သည် မျိုးဆက်သစ် လူငယ်၊ မောင်မယ်များ ပညာရေးကဏ္ဍ နှောင့်နှေးစေရန် ရည်ရွယ်ချက်ဖြင့် NUG ၊ CRPH ၊ NLD တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ငါနဲ့မတူ ငါ့ရန်သူဟု သတ်မှတ်၍ စစ်ရေးနှင့် မသက် ဆိုင်သော နိုင်ငံ့ဝန်ထမ်းများကို ပစ်မှတ်ထား၍ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းသည် လူသားမဆန်သော လုပ်ရပ်များဖြစ်သည့် အတွက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA(ဗဟို) အသင်းကြီးအနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချပါကြောင်း ထုတ်ပြန်အပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)

#PAN