ဒိုက်ဦးမြို့၊ ၂၀၂၀ ပါတီစုံရွှေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့သူ နှစ်ဦးအား အကြမ်းဖက်သမား PDF များမှ သေနတ်ဖြင့် ပစ်ခတ်

ဇူလိုင် ၂၇

        ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် ၂၀၂၀ ပါတီစုံရွှေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့သူ နှစ်ဦးအား အကြမ်းဖက်သမား PDF များမှ သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ် နှုတ်ပိတ်ခဲ့သဖြင့် တာဝန်ရှိသူများမှ ဆေးရုံသို့တင်ပို့ ဆေးကုသပေးနေကြောင်း ဒေသခံများထံမှသိရပါသည်။

     ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၅နာရီခွဲအချိန်ခန့်က
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ အမှတ်(၃)ရပ် ကွက်၊ ကျောင်းကြီးလမ်း၊ မြို့နယ်စည်ပင်သာယာရုံးရှေ့ လမ်းမကြီးပေါ်တွင် ကိုအောင်ဆန်းဝင်း (ခ)ကိုဆန်းဝင်း၊ ၄၂ နှစ်၊ စျေးရောင်းနှင့် ကိုခင်မောင်ထွေး၊ ၃၇ နှစ်၊ စျေးရောင်းတို့သည် လမ်းမပေါ်၌ ဘောလုံးကစားနေစဉ် စိစစ်ဆဲ လူသတ်အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ်ဖြင့် ကျောင်းကြီးလမ်းအတိုင်းမောင်းနှင်လာပြီး ဆိုင်ကယ်ပေါ်မှနေ၍ သေနတ်အတို အမျိုးအစား (စိစစ်ဆဲ)ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခဲ့ရာ ကိုအောင်ဆန်းဝင်း(ခ)ကိုဆန်းဝင်းတွင် ဝဲခြေသလုံး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ယာဘက်လက်ကောက်ဝတ် ကျည်ဖောက်
ထွက်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ကျောကုန်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (အတွင်းလူနာ/မစိုးရိမ်ရ)နှင့် ကိုခင်မောင်ထွေးတွင် ဝဲဘက်ခြေသလုံးကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာဘက်ဒူး ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် (အတွင်းလူနာ/မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း၊ ၎င်းတို့ ၂ ဦးကို ဒိုက်ဦးမြို့နယ်၊ပြည်သူ့ဆေးရုံမှ တစ်ဆင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ဆေးကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။

      “သူတို့က NLD ပါတီကိုအားပေးထောက်ခံလာသူတွေပါပဲ ဒါကို PDFအဖွဲ့ကပဲ ပြန်ပစ်သွားတာ စဥ်းစားမရဘူး ကျနော်တို့မြို့ကပဲခူးတိုင်းအရှေ့ဘက်မှာ အတည်ငြိမ် အအေးဆေးဆုံးမြို့ပါပဲ ခုလိုတွေအကြမ်းဖက်သမားတွေ ဝင်လာရင် မြို့လဲနာတယ် ပြည်သူလဲအနေကြပ်တယ် စစ်တပ်ဘက်ကတော့ လိုအပ်တာတွေ စုံစမ်းစစ်ဆေးမှုလုပ်နေတယ် ဘာကိစ္စကြောင့်အခုလိုပစ်တာလဲဆိုတာတော့ မသိဘူး PDF ကပစ်တာကသေချာတယ် ဒိုက်ဦးတည်ငြိမ်နေတာကို သူတို့ကမလိုလားဘူးလေ” ဟု မြို့ခံတစ်ဦးကအတည်ပြုပြောကြားခဲ့ပါတယ်။

#PAN