ဇူလိုင် ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊တောင်စွန်းကျေးရွာအုပ်စု၊ ဘုရင်နောင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အား ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ရွှေထည်ပစ္စည်းများလုယက်မှုတစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။
အဆိုပါလုယက်မှုတွင် ဘုရင်နောင်ရပ်ကွက်ရှိ ဦးစီနိူင်(ခ)ဦးတင်ကိုကိုဦး နှင့် ဒေါ်နီမာ တို့ပိုင်ဆိုင်သောတောင်စွန်း – ဘီးလင်း ကားလမ်းမဘေးရှိ မနီမာ (ရွှေဆိုင်)ကို အမျိုးသား(စိစစ်ဆဲ) တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိကလာပြီး ရွှေဝယ်သလိုလိုဖြင့်ရောက်ရှိလာပြီး ရွှေထည်ပစ္စည်းများပြခိုင်ရာ ရွှေဆိုင်ပိုင်ရှင်မှာ ရွှေထည်ပစ္စည်းများပြသနေစဉ် အဆိုပါအမျိုးသားသည် ရွှေလက်ကောက် ၃ ကျပ်သားတစ်ကွင်းအား လုယူထွက်ပြေးသွားကြောင်းသတင်းရရှိသည်။
#PAN