ဇူလိုင် ၂၃
ထိုင်းနိုင်ငံအတွင်း ရဲတပ်ဖွဲ့ဝင်များ က ယခုလ ဇူလိုင် ၁ ရက်နေ့က စတင်ခဲ့တဲ့ တလကြာ တရားမဝင် သေနတ် နှင့် ခဲယမ်းမီးကျောက် နှိမ်နင်းမှုများတွင် ထိုင်းရဲတပ်ဖွဲ့ဝင်းများက တရားမဝင် သေနတ်နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် တိုရတ်ဆွတ်ဝီ မိုလ်က ယနေ့ ဇူလိုင် ၂၃ရက် တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း အွန်လိုင်းမှ တစ်ဆင့် တရားမဝင်သေနတ်များအား ရောင်းဝယ် ဖောက်ကားသူများကို နှိမ်နင်းမှုတွင် အဓိကတရားခံ လူ၃ ဦးကိုဖမ်းဆီးရမိခဲ့ပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းမီးကျောက် ၃၀၀၀၀ ကျော် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းနှိမ်နင်းရေးဌာနခွဲ (TCSD) မှ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။
“Khote-siang V.7” အမည်ရှိသော သေနတ်ရောင်း ဝယ်ရေးအုပ်စုကို တစ်လကြာ စုံစမ်းမှုများပြုလုပ်ပြီးနောက် ပြီးခဲ့သည့် ဇူလိုင် ၂၁ရက် သောကြာနေ့က ဘန်ကောက်မြို့ရှိ Pathum Thani ၊ Nakhon Si ဧရိယာများအနီးနှင့် Thammarat မြို့ရှိ နေရာလေးခုတွင် သံသယရှိသူများကို တပြိုင်နက်တည်း စီးနင်းဖမ်းဆီးရ မိခဲ့ကြောင်းလည်း ထိုင်းနိုင်ငံ စစ်တပ်မှူး ဗိုလ်ချုပ် Ahip Pongsiwapai က ထုတ်ပြန်ကြေညာထားပြီးလည်းဖြစ်ပါတယ်။
အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၃၀၀ ကျော်နီးပါရှိပြီး လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဘတ်ငွေ ၁၀ သန်းခန့်ထိရောင်းဝယ်မှုများ ရှိလာခဲ့ပြီး ဖောက်သည်အများစုမှာ ဘန်ကောက်မြို့ နှင့် အနီးနား ပြည်နယ်များရှိ မြို့များအတွင်းနေထိုင်နေကြသော ဆယ်ကျော် သက်များဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။