ဇူလိုင် ၂၃
ဂရိနိုင်ငံ၏ Rhodes ကျွန်းကြီးတွင် ၅ရက်ကြာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အဆိုပါ ကျွန်းကြီးတွင် နေထိုင်ကြသည့် ထောင်နှင့် ချီ သောပြည်သူများကို ပြီးခဲ့သည့် ဇူလိုင် ၂၂ရက် စနေနေ့က ကုန်းလမ်း နှင့် ရေလမ်းကြောင်းများ ကနေ ကူညီကယ် ဆယ်ရေးများလုပ် ဆောင်ခဲ့ကြ ရကြောင်း ဒေသခံ အာဏာပိုင် တွေက ပြောကြား ခဲ့ကြပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် အဆိုပါ ကျွန်းရှိ ဟိုတယ်များနှင့် ခရီးသွား နေရာများကို ခြိမ်းခြောက်နေသောကြောင့် စနေနေ့တွင် ကမ်းခြေများမှ လူ ၂၀၀၀ ကျော်ကို ကယ်ဆယ်မှုများပြုလုပ်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားထားပါတယ်။
လွန်ခဲ့သည့် ရက်သတ္တပတ်က ဂရိနိုင်ငံအတွင်း တောမီးများ အများစု လောင်ကျွမ်းခဲ့ရပြီး လေပြင်းတိုက်ခတ်မှု နှင့် အပူချိန်မြင့်မား ခြောက်သွေ့သော အခြေအနေများရှိနေသည့် အဆိုပါ ကျွန်း၏အရှေ့အလယ်ပိုင်း ကမ်းရိုးတန်း ဘက်သို့ မီးတောက်များလောင် ကျွမ်းသွားခဲ့ရ တာလည်းဖြစ်ပါတယ်။
ဂရိနိုင်ငံ Rhodes ကျွန်းကြီးတွင် တောမီးလောင်ကျွမ်းမှုများ ကို မီးသတ်သမားများက ငြှိမ်းသတ်နေစဉ် လူများကို အဆိုပါ ကျွန်းပေါ်ရှိ အားကစားရုံများ၊ ကျောင်းများနှင့် စင်တာများသို့ ကယ်တင် ခေါ်ဆောင်သွားခဲ့ရပြီး ခရီးသည်တင် ကူးတို့သင်္ဘော ၃ စီးကို Rhodes ကျွန်း ဆိပ်ကမ်း တွင် ဆိုက်ကပ်ထားခဲ့ရပြီး ကယ်ဆယ်ရေးများလုပ်ဆောင်နေရကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။