ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မိုးထိတောင်အနီးတွင် နယ်မြေလုံခြုံရေးအဖွဲ့က တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူ PDF တို့၏ ယာယီခြေကုတ်စခန်း တစ်ခုကို ယမန်နေ့က ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များမှာ ကိုယ် လွတ်ရုန်း ထွက်ပြေးသွားကြကြောင်း သိရပါ သည်။
နယ်မြေလုံခြုံရေးအဖွဲ့က ထိုသို့ ရှင်းလင်းခဲ့ရာ အဆိုပါ ယာယီခြေကုတ်စခန်းမှ ၇ ယောက်အိပ်လူနေတဲ့ ၃ လုံး၊ အိုင်ကွန် အထိုင်စက် ၁ လုံး၊အိုင်ကွန်အားသွင်းခုံ ၄ ခု၊ ဘက်ထရီ(ကြီး) ၁ လုံး၊ဘက်ထရီ(သေး) ၂ လုံး၊ ၉မမကျည် ၂၇၀ တောင့်၊ ၇.၆၂ကျည် ၄၀ တောင့်၊ ပွိုင့် ၂၂ကျည် ၄၀၀ တောင့်၊ ၄၀မမ ဗုံးသီ ၁၄ လုံး၊ လက်လုပ်ဗုံးသီး ၇ လုံးတို့ကို သိမ်းဆည်းမိခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်သူလူထုအနေဖြင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကို အားပေးထောက်ခံမှုမရှိတော့သဖြင့် ၎င်းတို့၏လှုပ်ရှားမှုများကို နယ်မြေလုံခြုံရေးအဖွဲ့များသို့ သတင်းပေးမှုများကြောင့် ရပ်တည်ရန် ခက်ခဲလာကြောင်း သိရပါသည်။
#PAN