အရာတော်မြိုနယ်အတွင်း နယ်မြေရှင်းလင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက် နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

ဇူလိုင် ၁၉

       ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုနယ်၊ မလဲသာကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့များမက နယ် မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ် မြေရှင်းလင်း လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

     ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်သောင်းကျန်းသူ PDF  ၂ ယောက်ကို အမ်-၂၂ သေနတ် ၂ လက်၊ လက်လုပ်သေနတ် ၂ လက်၊ အမ်-၂၂ ကျည်အိမ် ၃ ခု၊ အမ်-၂၂ ကျည် ၇၅ တောင့်၊ ၅.၅၆ မမကျည် ၃၀တောင့်၊ လက်လုပ် Drop ဗုံး ၇ လုံး၊ ၉၁ လက်ပစ်ဗုံး ၂ လုံး၊တရုတ်ထုတ် လက်ပစ်ဗုံး ၃ လုံး၊ဒီတိုနေတာ ၄၀ ချောင်းတိုနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

#PAN