ဇူလိုင် ၁၉
ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် KKO ခွဲထွက်အဖွဲ့မှ ဖားမဲခို (ကျော်သက်၏သားမက်) နှင့် PDF အကြမ်းဖက်အဖွဲ့မှ ကိုဇွဲ(ခ)ဇွဲဟိန်းခန့် ခေါင်းဆောင်သည့် အကြမ်းဖက်သောင်းကျန်းသူ
ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့၊အမှတ် (၇)ရပ်ကွက်၊ ခနိမ်းမူကွက်သစ်ရှိ စိန်နဂါးရေသန့်စက်ရုံအနီးတဝိုက်တွင် အင်အား ၃၀ ဦးခန့်၊ ဝါဆိုဦးကျောင်းလမ်း သီလရှင်ကျောင်း အနီးတဝိုက်တွင် အင်အား ၃၀ ဦးခန့်ဖြင့်လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်၊ မြို့တော်ဦးရပ်၊ ရွှေနတ်တောင်ဘုန်းကြီးကျောင်းကုန်းတွင် အင်အား ၂၀ ခန့်၊ ၊ ရေလယ်မြိုင်ဘုန်းကြီးကျောင်းကုန်းတွင် အင်အား ၂၀ ခန့် ရောက်ရှိဖြန့်ခွဲထားရှိကြောင်း၊ ၎င်းအဖွဲ့များသည် အမှတ် (၇)ရပ်ကွက်၊ ခနိမ်းမူ ဂိတ်(၃) နှင့် ခရိုင်ရဲဝန်းနှင့် နယ်မြေခံတပ် ခလရ (၉၇)ရင်းဌာနချုပ်တို့ကို နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် မြို့တွင်းသို့ ၆၀ မမစိန်ပြောင်းဖြင့်ပစ်ခတ်ခဲ့ရာ အမှတ် (၇)ရပ်ကွက်၊ ပဒုမ္မာလမ်း အမက(၉) နေရာအနီးတွင် ၁ လုံး၊အမှတ် (၂)ရပ်ကွက်၊ မြို့တော်ဦးရပ် ခမ(အမ်ယူ- ၂၀၆၃၀၆)နေရာအနီးတွင် ၁ လုံးနှင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင် ၁ လုံး(ပေါက်ကွဲမှုမရှိ)သို့ ကျရောက်ခဲ့ကြောင်း သိရပါသည်။
၎င်း အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးရူပါ(၅၃)နှစ်၊ (ဘ)ဦးခင်မောင်သွင်၊ ဗမာ/ဗုဒ္ဒ၊ ပဒုမ္မာလမ်း၊ အမှတ်(၇)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ဝဲခါးစောင်း ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဦးသိန်းဝင်း(၄၀)နှစ်၊ (ဘ)ဦးအေးသွင်၊ ဗမာ/ဗုဒ္ဒ၊ ပဒုမ္မာလမ်း၊ အမှတ် (၇)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာခြေသကြွယ် ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်ရွှေ (၅၅)နှစ်၊ (ဘ)ဦးထွန်းကြိုင်၊ ဗမာ/ဗုဒ္ဒ၊ သီးသန့်ကောင်စီလိုင်း၊ အမှတ်(၇)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ဝဲပေါင် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်သန်းသန်းအေး (၃၃)နှစ်၊ (ဘ)ဦးအေးလွင်၊ ဗမာ/ဗုဒ္ဓ၊ ဘုရင့်နောင်လမ်း၊ မြို့တော်ဦးရပ်၊ အမှတ် (၂)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာလက်ဖမိုး ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ဒေါ်လှမြင့် (၆၄)နှစ်၊ (ဘ)ဦးဖိုးလုံး၊ ဗမာ/ဗုဒ္ဓ၊ ဘုရင့်နောင်လမ်း၊ မြို့တော်ဦးရပ်၊ အမှတ် (၂)ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူတွင် ယာပုခုံး ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို ခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသလျှက်ရှိကြောင်း သိရပါသည်။
အကြမ်းဖက်သောင်းကျန်းသူ KKO နှင့် PDF ပူးပေါင်း အင်အား ၅၀ ခန့်သည် ကျုံဒိုးမြို့၊ အာရှလမ်းမကြီးပေါ်ရှိ ငါးတိုင်စာသင်ကျောင်းတွင် ရောက်ရှိနေရာယူထားကြောင်း၊ ၎င်းနေရာသည် အကြမ်းဖက်သောင်းကျန်းသူ အများဆုံးဖြတ်သန်းတဲ့နေရာဖြစ်ကြောင်း၊ ယခုလက်ရှိအချိန်ထိ သောင်းကျန်းသူမြို့ထဲသို့ မ၀င်ရောက်နိုင်သေးကြောင်း၊ ယနေ့ နံနက် ၆ နာရီအချိန်ခန့်မှစ၍ မြို့အနီးနေရာတဝိုက်ကို နယ်မြေခံစစ်ကြောင်းက လိုက်လံရှင်းလင်းနေကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရှိရပါသည်။
#PAN