ဇူလိုင် ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့ နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စုနှင့် ယွန်းဒလင်းကုန်းကျေးရွာအုပ်စုတို့တွင် အားဝါဒေး (လောင်း ကစားဝိုင်)များ ကျင်းပပြုလုပ်နေကြကြောင်း၊ ဇုတ်သုတ်ကျေးရွာအုပ်စု ၊ကော့ကွဲရပ်ကွက်တွင်ဦးမောင်စံမှ တာဝန်ခံဆောင်ရွက်နေပြီး အားဝါဒေးကို နေခင်းဘက်သာကျင်းပပြုလုပ်နေကြကြောင်းသိရသည်။
ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကတကဲရပ်ကွက်တွင်ကျင်းပပြုလုပ်နေသော အားဝါဒေး (လောင်းကစားဝိုင်း)တွင် ဇူလိုင်လ ၁၅ ရက်နေ့ ညတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ပြည်သူ့ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အားဝါဒေးကို ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။ ၎င်း အားဝါဒေး အားပေါက်တောကျေးရွာနေသူ ဒေါ်သီတာနှင့်ပေါက်တောကျေးရွာအုပ်စု၊ ကျုံကမိစုကွက်သစ်တွင်နေထိုင်သူ ဦးတင်ဝင်း(အုပ်ချုပ်ရေးမှူးဟောင်း)တို့မှ တာဝန်ယူဆောင်ရွက်နေကြကြောင်းသိရသည်။
ဘီးလင်းမြို့နယ်အတွင်း တရားမဝင်အားဝါဒေးများကျင်းပနေခြင်းသည်တရားဥပဒေအထက်တွင်မည်သူများမရှိစေရ ဆိုသော စကားရပ်ကိုမေးခွန်ထုတ်နေသလိုဖြစ်နေရပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်အရေးယူဆောင်ရွက်ပေးစေချင်ကြောင်း ဘီးလင်းမြို့နယ်ပြည်သူ့များအနေဖြင့်မျှော်လင့်နေကြကြောင်း သတင်းရရှိပါ သည်။
#PAN