“အိန္ဒိယက အာရပ်စော်ဘွားများ ပြည်ထောင် စုနိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုများ ပြုလုပ်ရာတွင် ကန်ဒေါ်လာ အစား ရူပီးငွေဖြင့် အစားထိုးနိုင်ရေး သဘောတူညီမှုများရရှိခဲ့”

ဇူလိုင် ၁၇

အိန္ဒိယနိုင်ငံ နှင့် အာရပ်စော်ဘွား များပြည်ထောင်စု နိုင်ငံတို့က နှစ်နိုင်ငံ ကုန်သွယ်မှုများပြုလုပ်ရာတွင် ကန်ဒေါ်လာ အစား ရူပီးငွေဖြင့် ကုန်သွယ်မှုကို အခြေချခွင့် ပြုကြောင်း နှစ်နိုင်ငံ သဘောတူညီ ချက်တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး အိန္ဒိယနိုင်ငံက ကန်ဒေါ်လာ ငွေလဲလှယ်နှုန်းကို ဖယ်ရှားခြင်းဖြင့် ငွေပေးချေမှု ကုန်ကျစရိတ် များကို လျှော့ချနိုင်ရန် ကြိုးပမ်းမှု များကို မြှင့်တင်လာခဲ့ကြောင်း သတင်းဌာနများ က ဖာ်ပြပြောဆိုထားကြပါတယ်။

အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် Narendra Modi က ပြီးခဲ့သည့် စနေနေ့က ယူအေအီးနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်ကုန်သွယ်မှုများအတွင်း ငွေလွှဲရာတွင် လွယ်ကူချောမွေ့စေရန် အပါအဝင် အချိန် နှင့်တပြေးညီ ငွေပေးချေမှုများ ပြုလုပ်နိုင်သည့် ချိတ်ဆက်မှုတစ်ခုကို ထူထောင်ရန်လည်း နှစ်နိုင်ငံ သဘောတူ ညီခဲ့ကြပါတယ်။

အဆိုပါသဘောတူညီချက်များသည် “ချောမွေ့သောနယ်စပ်ဖြတ်ကျော်ငွေပေးငွေယူများနှင့်ငွေပေးချေမှုများကိုပါလုပ်ဆောင်နိုင်ပြီးပိုမိုကြီးမားကောင်းမွန်သော နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကိုပါတိုးပွားစေမှာဖြစ်တယ်”လို့ အိန္ဒိယနိုင်ငံ ဗဟိုဘဏ်၏ ပြီးခဲ့သည့် စနေနေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် တွင်ဖော်ပြထား ပြီးလည်း ဖြစ်ပါတယ်။

ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်း သူဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဗဟိုဘဏ်သည် ယမန်နှစ်က ရူပီးငွေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုများကို ဖြေရှင်းရန် မူဘောင် တစ်ရပ်ကို ကြေညာခဲ့ပြီး လက်ရှိတွင် ယူအေအီးနိုင်ငံ မှ ရေနံဝယ်ယူမှုများကို ကန်ဒေါ်လာဖြင့် ပေးချေနေရတာ လည်းဖြစ်ပါတယ်။

အိန္ဒိယ – ယူအေအီး နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏ သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှစ် မတ်လအထိ တစ်နှစ်တာ အတွင်း ကန်ဒေါ်လာ ၈၄ ဒသမ ၅ ဘီလီယံထိရှိခဲ့ကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။