ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်း က ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင် တပ်မတော်အကြီး အကဲနှင့် သွားရောက်တွေ့ဆုံခဲ့

ဇူလိုင် ၁၇

     အတည်မပြုနိုင်တဲ့သတင်းတွေအရထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးမစ္စတာ
ဒွန်ပရာမွတ်ဝီနိုင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ဆုံမီ လွန်ခဲ့
တဲ့လပိုင်းလောက်က နေပြည်တော်ကိုအထူးလေယာဉ်နဲ့လာရောက်ခဲ့ပြီးတပ်မတော်ခေါင်း ဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့နေပြည်တော်လေဆိပ်နဲ့အပြင်မှာ လူပြောများနေတဲ့ အရှေ့ရွာလို့ခေါ်တဲ့စစ်ရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတွေဆီကသိရပါတယ်။ဒါပေမဲ့ ဒီသတင်းကို တရားဝင်ထုတ်ပြန်တာမျိုးတော့မတွေ့ရှိရပါဘူး။

      ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့မစ္စတာဒွန်ပရာမွတ်ဝီနိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ဆုံ ခင်က အမေရိကန်ကိုလည်းသွားရောက်ခဲ့တယ်လို့ သိရပါသေးတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုဟာ အမေရိကန်ဘက်ကညွှန်ကြားလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ဆုံတာကလည်း သူမကိုထားရှိတဲ့အကျဉ်းထောင်နားက ဧည့်ဆောင်တစ်ခုမှာ တွေ့တာဖြစ်တယ်လို့ NLD အသိုင်းအဝိုင်းမှ တစ်ဆင့်သိရှိရပါတယ်။

       နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းက သိရတဲသတင်းတွေအရ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မြန်မာ နိုင်ငံဆိုင်ရာအမေရိကန်သံရုံးယာယီတာဝန်ခံအဖြစ် Mrs. Susan Nan Stevenson ကို ခန့်အပ်ခဲ့တယ်လို့သိရပါတယ်၊ဒီအမျိုးသမီးဟာအမေရိကန်ထောက်လှမ်း ရေးဌာမှာ အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။

    တစ်ချိန်တည်းမှာပဲမြန်မာနိုင်ငံက MFTB ဘဏ်နဲ့ MICB ဘဏ်တို့ကို အမေရိကန်နိုင်ငံက Sanction လုပ်ခဲ့ပါတယ်။ ဒါတွေဟာ မြန်မာ နိုင်ငံ ရွေးကောက်ပွဲအတွက် အမေရိကန်ရဲ့ကြိုတင်ပြင်ဆင်မှုလည်းဖြစ်နိုင်ပါတယ်။ အခုလိုတွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းကို မြန်မာနိုင်ငံဘက်ကစပြီး ကြေညာတာမဟုတ်ဘဲ ထိုင်းနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နစကအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုင်း နိုင်ငံနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုဟာ မှန်ကန်ကြောင်း၊ သူတို့တွေ့ဆုံမှုဟာ သီးခြားတွေ့ဆုံမှုဖြစ်တာကြောင့်ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ မသိရှိရကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကျန်းမာရေးကောင်းမွန်ကြောင်း စတဲ့အချက် ၃ ချက်ကိုပြောကြားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်တစ်ဖက်ဖက်ကတော့နိုင်ငံ ရေးအမြတ်ထုတ်လာနိုင်ပါတယ်။

     ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုကို သုံးသပ်ရမယ်ဆိုရင် မြန်မာအစိုးရ အနေနဲ့ လက်ရှိထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာနဲ့ ပတ်သက်ပြီး အစိုးရချင်းရောပုဂ္ဂိုလ်ရေးအရပါ ရှိရင်းစွဲခင်မင်ရင်းနှီးမှုတွေရှိနေတဲ့အတွက် သူအနားမယူခင်မှာ သူ့အတွက်ရောထိုင်းနိုင်ငံအစိုးရအတွက်ရော လုပ်ဆောင်ချက်အကောင်းဆုံးဖြစ်အောင် မြန်မာ့တပ်မတော်ခေါင်းဆောင်ဘက်မှ စေတနာထားပြီးဆောင်ရွက်ပေးခဲ့တာဖြစ်နိုင်ကြောင်း ထင်မြင်ယူဆလို့ရပါတယ်။

    အခုလိုထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံမှုဟာ သာမန်အသေးအဖွဲကိစ္စလို့ တွက်လို့မရပါဘူး။ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် တပ်မတော်အကြီးအကဲနဲ့တွေ့ဆုံခဲ့တာ၊ အမေရိကန်နိုင်ငံကိုသွားရောက်ခဲ့တာ၊ MFTB ဘဏ်နဲ့MICB ဘဏ်တို့ကို အမေရိကန်နိုင်ငံကSanctionလုပ်ခဲ့တာတွေဟာအလကားမဟုတ်ဘဲ သမားရိုးကျအနေနဲ့မှန်းဆတွက် ချက်လို့မရနိုင်ပါဘူး။အမေရိကန်အနေနဲ့မြန်မာ့အရေးကို ပိုပြီးစိတ်ဝင်စားမှုရှိလာပြီဆိုတာပြသလာတဲ့လုပ် ရပ်တွေဖြစ်တယ်လို့ယူဆလို့ရပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ်အမေရိကန်ရဲ့ ဆက်ဆံမယ့်ဆက်ဆံရေး အခြေအနေဟာဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ဖို့ လိုအပ်မှာပဲဖြစ်ပါတယ်။

#PAN