ယင်းမာပင်ခရိုင်ပညာရေးမှူးကို လူသတ်အကြမ်း ဖက် PDF များက CDM လုပ်ရန် လာရောက်သတိပေးပြီး မလုပ်နိုင်ကြောင်း ပြောဆိုသဖြင့် သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၅

        စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပညာရေးမှူး ဒေါ်သီတာချို သည် ယင်းမာပင်ခရိုင်တွင် တာဝန်ကျပြီး လက်ရှိတွင် ခရီးလမ်းအခြေ အနေအရ မုံရွာမြို့၊အင်းရွာသစ်ရပ်ကွက်ရှိ ၎င်း ၏ နေအိမ်တွင် ခေတ္တ နေထိုင်နေစဉ် ဇူလိုင်လ ၁၂ ရက်နေ့တွင်  လူသတ်အကြမ်းဖက် PDF များက ပထမအကြိမ် ၎င်း၏နေအိမ်သို့ လာရောက်ပြီး CDM လုပ်ခိုင်းရာ ဆရာမ မှ မလုပ်နိုင်ပါ သတ်ချင်ရင် သတ်သွားပါဟု ပြောခဲ့သဖြင့် ဆရာမ၏ ရွှေထည်ပစ္စည်းများ တံဆိပ်တုံးနှင့် ငွေများယူဆောင်သွားကြပါသည်။

     ယမန်နေ့ ညပိုင်းတွင် ခရိုင် ပညာရေးမှူး ဒေါ်သီတာချို သည် အထက(၃)ကျောင်းရုံးမှ အပြန်တွင် အိမ်ပေါက်ဝ၌ လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရပါသည်။

       ခရိုင်ပညာရေးမှူး ဒေါ်သီတာချို နှင့် အခြားမြို့နယ်များမှ နေရပ်တွင် နေထိုင်၍ မရရှိသော ပညာရေးဝန်ထမ်းအများစုမှ ယခင်က တိုင်းပညာရေးမှူးရုံးတွင် နားလည်မှု့ဖြင့် တွဲဖက်နေထိုင်ကြပြီး ယခု အသစ်ရောက်ရှိလာသော တိုင်းပညာရေးမှူးလက်ထက်တွင် ထိုကဲ့သို့တိုင်းပညာရေးမှူးရုံးတွင် တွဲဖက်နေထိုင်ခွင့်မပြုတော့ကြောင်း၊ ပြင်ပ စာသင်ကျောင်းများဖြစ်သော အထက( ၁/၂/၃) ကျောင်းများတွင် သွားရောက်နေထိုင်ခိုင်းကြောင်း ကြားသိရပါသည်။

      လက်ရှိအခြေအနေတွင် အဆိုပါ ပညာရေးဝန်ထမ်းများမှာလည်း ယခု ယင်းမာပင်ခရိုင်ပညာရေးမှူး အသတ်ခံရသည့်အတွက် ကြောက် လန့်စိုရိမ်မှုများ ဖြစ်ပေါ်နေကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကူညီပေးကြပါရန် တောင်းခံလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN