“ဆိုဗီယက်ယူနီယံနိုင်ငံကြီး ပြိုကွဲပြီးနောက် စစ်အေးကာလတွင် ရုရှား – ကျူးဘား မဟာမိတ် ဆက်ဆံရေးများ ပြန်လည်ရှင် သန်လာနိုင်ရန် အတွက် ရုရှားရေတပ်စစ်သင်္ဘော တစ်စင်း သည် ဟာဗားနားမြို့ကိုရောက်ရှိလာခဲ့”

ဇူလိုင် ၁၄

ရုရှားရေတပ်၏ စစ်သင်္ဘောတစ်စင်းသည် ကျူးဘားနိုင်ငံတွင် ကမ်းကပ်ခြင်းများ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားရေတပ်၏ စစ်ရေယာဉ် Perekop သည် ပြီးခဲ့သည့် အင်္ဂါနေ့က ဟာဗားနားမြို့အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အမြောက်ပစ်ခတ်မှုများဖြင့် ကြိုဆိုမှုများပြုလုပ်ခဲ့ကြပါတယ်။

ကျူးဘားနိုင်ငံ၌ ၄ရက် ကြာရှိနေစဉ်အတွင်း Perekop သင်္ဘောပေါ်ရှိ ရုရှားရေတပ် သင်္ဘောသား များသည် ရုရှား – ကျူးဘား နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အမျိုးမျိုးအဖုံဖုံသော လုပ်ဆောင်မှုများတွင် ပါဝင်ဆောင်ရွက်ကြမှာလည်းဖြစ်​ကြောင်း ကျူးဘားနိုင်ငံပိုင်သတင်းအေဂျင်စီ Prensa Latina က ဖော်ပြပြောဆိုခဲ့ပါတယ်။

ထို့အပြင် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲပြီးနောက် စစ်အေးကာလခေတ်တွင် ရုရှား – ကျူးဘား မဟာမိတ် နှစ်နိုင်ငံကြား ဆက်ဆံရေးများ ပြန်လည် ရှင်သန်လာမှုကို အလေးပေး သည့်အနေဖြင့် ကျူးဘားနိုင်ငံကို နှစ်များစွာ အတွင်း ရုရှားနိုင်ငံ ရေတပ်သင်္ဘောတစ်စင် ၏ ပထမဆုံး တရားဝင်ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။