(၃၁၇) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးနှင့် အာဆီယံအတွင်းရေးမှူးချုပ် နှင့် ပြုလုပ်သည့် Dinner Talk သို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

ဇူလိုင် ၁၀

        တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၁၇) ကြိမ်မြောက်အစည်း အဝေးအား ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. TUY Ry ကကြီးမှူး၍ တိုကျိုမြို့ အခြေစိုက် ကမ္ဘောဒီးယားသံရုံး၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ ညနေ ၁၇၃၀ နာရီမှ ၁၈၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်သည် ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင် တက်ရောက်ခဲ့ပါသည်။

       အစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းဖြစ်ပေါ် တိုး တက်မှုအခြေအနေများ၊ အာဆီယံ-ဂျပန် ချစ် ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများပြုလုပ်ရန်ကိစ္စရပ်များ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင် ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

        ထို့နောက် အဆိုပါအစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် Dinner Talk ကို ၁၈၃၀ နာရီမှ ၂၀၀၀ နာရီအထိ ဆက်လက် ကျင်းပခဲ့ပါသည်။ အဆိုပါ Dinner Talk တွင် အာဆီယံအတွင်းရေးမှူးချုပ်မှ အာဆီယံဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ အာဆီယံသံအမတ်ကြီးများက အာဆီယံဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

#PAN