“စစ်ပွဲအတွင်းဗုံးအကြွင်းအကျန်များဖြင့် ရုန်းကန်နေရသည့် ကမ္ဘောဒီးယားနိုင်ငံက အနောက်အုပ်စု နှင့် ယူကရိန်းကို Cluster ဗုံးအမျိုးအစားများ အသုံးမပြုကြရန် တိုက်တွန်းခဲ့”

ဇူလိုင် ၁၀

ကမ္ဘောဒီးယားနိုင်ငံက လူများကိုအစုလိုက် အပြုံလိုက်သေစေနိုင်သော ဗုံးများ အသုံးမပြုကြရန် ယူကရိန်းနိုင်ငံကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် က လွန်ခဲ့သည့် ၁၉၇၀ ခုနှစ်များအစောပိုင်းကာလများ တွင် ယင်းကဲ့သို့ လက်နက်ခဲယမ်းများ ၎င်း၏နိုင်ငံအတွင်း အမေရိကန်နိုင်ငံက ဗုံးများကြဲခံခဲ့ရပြီးနောက် ကမ္ဘောဒီယားနိုင်ငံသည် ရာစုနှစ်တစ်ဝက် ကျော်ကြာ အဆိုပါ Cluster ဗုံးများ၏ မပေါက်ကွဲ သေးသော ဗုံးများကို နိုင်ငံတော် အစိုးရအနေ ဖြင့် ကိုင်တွယ် ဖြေရှင်းခဲ့ရကြောင်း ကမ္ဘောဒီယား ဝန်ကြီးချုပ် က ၎င်း၏ တွစ်တာစာ မျက်နှာပေါ်တွင် ပြီးခဲ့သည့် ဇူလိုင် ၉ရက်နေ့က ရေးသားခဲ့ပါတယ်။

“ရာစုနှစ်တစ်ဝက်ကျော်သွားခဲ့ရပါပြီ အဲ့ဒီ့အချိန် တုန်းက မိုင်းရှင်းလင်း ရေးများလုပ် ဆောင်ရန်အတွက် ရန်ပုံငွေမရှိခဲ့ပါဘူး။ ယူကရိန်းပြည်သူတွေကိုတော့ သနားပါတယ်၊ ထောက်ပံ့နေသူအမေရိကန်ပြည်ထောင်စုကို မေတ္တာရပ်ခံပြီးတော့ အခုလို ဗုံးအမျိုးအစား တွေကို လက်ခံသူ ယူကရိန်းအနေနဲ့ စစ်ပွဲမှာ ဒီခဲယမ်းတွေကို အသုံးမပြုဖို့ပြောချင်ပါတယ်။ဘာလို့လည်းဆိုတော့ အမှန်တကယ် ဒုက္ခရောက်သူများဟာ ငြိမ်းချမ်းနေသော ယူကရိန်းနိုင်ငံသားများ ဖြစ်လိမ့်မယ်”လို့ ၎င်းက တွစ်တာစာမျက်နှာပေါ်တွင် ရေးသား ဖော်ပြခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသည် စစ်ပွဲ အပြီး ဗုံး အကြွင်းအကျန်တွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ရုရှားတပ်တွေကို တိုက်ခိုက်ဖို့ တားမြစ်ထားကြသည့် လူများကို အစုလိုက် အပြုံလိုက်သေစေနိုင်သော ဗုံးတွေမသုံးကြဖို့ ယူကရိန်းနိုင်ငံကို တိုက်တွန်းခဲ့တာလည်း ဖြစ်တယ် လို့ သတင်းဌာနများကဖော်ပြပြော ဆိုထားကြပါတယ်။