“Twitter ဆိုရှယ်ပလပ်ဖောင်းကို ထိပ်တိုက် ယှဥ်ပြိုင်သည့် အနေဖြင့် Meta ကုမ္ပဏီက ဆိုရှယ်အက်ပ် ပလပ်ဖောင်းအသစ် တစ်ခုကို မကြာမှီ ကြေညာသွားမည်”

ဇူလိုင် ၄

Elon Musk ၏ Twitter ဆိုရှယ်ပလပ်ဖောင်း ကို ထိပ်တိုက် ယှဥ်ပြိုင်သည့်အနေဖြင့် Instagram နှင့် ချိတ်ဆက်အသုံးပြုနိုင်သော Twitter ဆိုရှယ်ပလပ်ဖောင်း ပုံစံတူ အသုံးပြုနိုင်မည့် Threads အက်ပ် ဆိုရှယ်ပလပ်ဖောင်းတစ်ခုကို လာမည့် ဇူလိုင် ၆ ရက်တွင် စတင်မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ Meta ကုမ္ပဏီကကြေညာခဲ့တာဖြစ်ပါတယ်။

Elon Musk ပိုင်ဆိုင်သော Twitter ပလပ်ဖောင်းအသုံးပြုသူများ၏ အခြားရွေး ချယ်စရာ ဆိုရှယ်ပလပ်ဖောင်းတစ်ခု ဖြစ်လာနိုင်သည့် Threads လို့ခေါ်တွင် သော ဆိုရှယ် အက်ပ်အသစ် အတွက် Meta ကုမ္ပဏီ ကြီးက လာမည့် ဇူလိုင်လ ကြာသပတေးနေ့တွင် စတင် မိတ်ဆက် လွှင့်တင်ပေးသွားမည်ဖြစ်ပြီး Instagram ဆိုရှယ် အက်ပ် နှင့် ချိတ်ဆက်ထားနိုင်သည့် Threads အက်ပ်အသစ် သည် လာမည့် ကြာသပတေးနေ့မိတ်ဆက်မှုများ မစတင်မီ ယနေ့ အင်္ဂါနေ့တွင် Apple ပလပ်ဖောင်း အက်ပ်စတိုးတွင် ပေါ်လာခဲ့ ပြီလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။