“ပြင်သစ်နိုင်ငံအတွင်းဖြစ်ပေါ်နေသော အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းများသည် ဆွစ်ဇာလန်နိုင်ငံ သို့ ကူးစက်ပျံ့နှံ့ရောက် ရှိလာခဲ့”

ဇူလိုင် ၃

ဆွစ်ဇာလန်နိုင်ငံ၏ Lausanne မြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူအုပ်စုများကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ကြပြီး အများစုမှာ လူငယ်များ ဖြစ်ကြပါတယ်။

ပြင်သစ်နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အဓိကရုဏ်းများကဲ့သို့ ဆွစ်ဇာလန်နိုင်ငံ Lausanneမြို့ ရှိ စတိုးဆိုင်များ၏ပြတင်း ပေါက်အများအပြားကို ရိုက်ချိုးဖျက်ဆီး ခံခဲ့ရပြီးနောက် အဓိကရုဏ်းများကို ပြုလုပ်ခဲ့ကြသည့် လူ၇ ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရပြီး အများစုမှာ ဆယ်ကျော်သက် လူငယ်များဖြစ်ကြပါတယ်။

ဆွစ်ဇာလန်နိုင်ငံအတွင်းနေထိုင်ကြပြီး ပြင်သစ်ဘာသာစကားကိုအသုံးပြုကြသော Lausanneမြို့၏​ အနောက်ဘက်ခြမ်းအပိုင်း နှင့် မြို့လယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁ရက် စနေနေ့ညက အစိုးရဆန့်ကျင်ရေး ဆန္ဒပြလူငယ် ၁၀၀နီးပါးခန့် စုဝေးခဲ့ကြပြီး လမ်းခင်းကျောက်ခဲများ နှင့် Molotov လက်လုပ်မီးဗုံးများဖြင့် ရဲတပ်ဖွဲ့ဝင်များကို ပစ်ပေါက်ခဲ့ကြကြောင်း ဆွစ်ဇာလန်နိုင်ငံ ရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။