“တရုတ်နိုင်ငံ၏ကာကွယ်ရေးဝန်ကြီးက ဘေကျင်း (တရုတ်) တွင် ရုရှားနိုင်ငံ ရေတပ်အကြီးအကဲနှင့် တွေ့ဆုံ မှုများ ပြုလုပ်ခဲ့ကြ”

ဇူလိုင် ၃

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Li Shangfu က ဘေဂျင်း(တရုတ်)တွင် ရောက်ရှိနေသော ရုရှားနိုင်ငံ၏ ရေတပ်အကြီးအကဲ ဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး Nikolai Yevmenov နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း ယနေ့ ဇူလိုင် ၃ရက် တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာ​ခဲ့ ပါတယ်။

ဘေဂျင်း(တရုတ်)တွင် တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး နှင့် ရုရှားနိုင်ငံ၏ ထိပ်တန်းရေတပ်ဦးစီးချုပ်တို့ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြပြီး အဆိုပါတွေ့ဆုံမှု၏ အဓိက ထုတ်ပြန်ချက်များမှာ –

▪️တရုတ် – ရုရှား နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များသည် နှစ်နိုင်ငံ စစ်ရေးပူး ပေါင်း ဆောင်ရွက်မှုများ နှင့် ဒေသတွင်း ငြိမ်းချမ်းရေး တည်ငြိမ်ရေးများကို ထိန်းသိမ်း သွားကြရန် ဆွေးနွေးခဲ့ကြပါတယ်။

▪️တရုတ် – ရုရှား ဒေသတွင်းနဲ့ ကမ္ဘာဒေသများအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ နှစ်နိုင်ငံ ပူးတွဲပါဝင်ကူညီကြရေး၊ ရုရှားရေတပ် နှင့် တရုတ်ရေတပ်တို့ အတူပူးပေါင်းဆောင် ရွက်မှုများ ပိုမို တိုးချဲ့နိုင်ရေးများအတွက် တရုတ်နိုင်ငံက မျှော်လင့်ထားပါတယ်လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ အကြီးအကဲက အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင်ပြောကြားခဲ့တာဖြစ်ပါတယ်။

▪️ထို့နောက် ရုရှားရေတပ်ဦးစီးချုပ်ကလည်း မော်စကို(ရုရှား)သည် နှစ်နိုင်ငံစစ်တပ်များကြား ပူးပေါင်းဆောင်ရွက်မှုများပိုမို အားကောင်း လာစေရန် အလွန်အရေးကြီးပါကြောင်း တရုတ်တပ်မတော်၏အကြီးအကဲကို ပြောကြား ခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆ်ိုထားကြပါတယ်။