ဇွန် ၂၉
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဧရာဝ တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မန်းကြာအုပ်စု၊ အောင်ချမ်းသာရပ်ကွက်နေ ကိုသန်းဝင်းနိုင်နှင့် မမီးမီးချစ်တို့၏ သား မောင်နေလင်းထွန်း၊ ၃နှစ်သည် အစ်ကိုဖြစ်သူနှင့်စက်ဘီးစီးရာ တော်ဖျားမှကုန်ပစ္စည်းတင်လာသည့် ဂွန်ဒေါင်းနှင့် ချိတ်မိပြီး ကလေးမှာလွှင့်ကျသွား၍ တာဇောင်းနှင့် ဦးခေါင်းရိုက်မိပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိပါသည်။
#PAN