“အီတလီ နိုင်ငံအတွင်းရှိ ခရစ်ယာန် ဆရာတော်များဆိုင်ရာ ညီလာခံမှ ကိုယ်စားလှယ်တော်များက မော်စကိုမြို့သို့ သွားရောက်လည်ပတ်မှာဖြစ်ပြီး ယူကရိန်း – ရုရှား ပဋိပက္ခများကို ဆွေးနွေးညှိ နှိုင်းမှုများပြုလုပ်သွားမည်”

ဇွန် ၂၈

အီတလီ နိုင်ငံ အတွင်းရှိ ခရစ်ယာန် ဆရာတော်များ ဆိုင်ရာ ညီလာခံ၏ အကြီးအကဲ ကာဒီနယ် မက်တီယို ဇပ်ပီ က ယူကရိန်း – ရုရှား ပဋိပက္ခများ ပြေလည်ရေး အတွက် ပုပ်ရဟန်းမင်းကြီး၏ သံတမန်တော် အဖြစ် ဇွန်လ ၂၈ ရက်မှ ၂၉ ရက်နေ့ အထိ ရုရှားနိုင်ငံ မော်စကိုမြို့သို့ သွားရောက် လည်ပတ်သွားမည် ဖြစ်ကြောင်း ခရစ်ယာန်ဘာသာဆိုင်ရာHoly See အဖွဲ့အစည်း၏ သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထား တာဖြစ်ပါတယ်။

“၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ၊ ကာဒီနယ် Matteo Maria Zuppi၊ Bologna ဂိုဏ်းချုပ်နှင့် အီတလီနိုင်ငံ ဘိရှော့များညီလာခံဥက္ကဋ္ဌ၊ နိုင်ငံတော်အတွင်းဝန်ရုံးမှ ကိုယ်စားလှယ် တစ်ဦးတို့နှင့်အတူ မော်စကိုမြို့သို့ အထူးသံတမန်အဖြစ် လာရောက်လည် ပတ်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထား တာလည်းဖြစ်ပါတယ်။

အဆိုပါ ခရီးစဥ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ “အဓိက ရည်မှန်းချက်မှာ လက်ရှိ ကြေကွဲဖွယ် အခြေအနေများကို ဖြေရှင်းနိုင် ရန်နှင့် တရားမျှတသော ငြိမ်းချမ်းရေးများ ရရှိရန် နည်းလမ်းများ ရှာဖွေရေးနှင့် လူသားဆန်သော အမူအရာများကို အားပေးကြရန် ဖြစ်တယ်”လို့ အဆိုပါ Holy See အဖွဲ့အစည်း၏ သဝဏ်လွှာတွင် ဖော်ပြ ထားတာလည်းဖြစ်ပါတယ်။