“နေတိုးမဟာမိတ်အဖွဲ့များ၏ ဥရောပ အရှေ့ဘက်ခြမ်းဒေသများကို စစ်ရေးအရ အားကောင်းလာစေရန် နှင့် ယူကရိန်း အတွက် စစ်ရေးအကူအညီများ ပေးပို့နိုင်ရန်အတွက် အမေရိကန် – ဂျာမနီ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ ယနေ့တွေ့ဆုံမှုများပြုလုပ်ခဲ့”

ဇွန် ၂၈

ယူကရိန်းနိုင်ငံကို စစ်ရေး အကူအညီပေးဖို့နဲ့ နေတိုးမဟာမိတ်များ ကို အားကောင်းလာစေဖို့ အမေရိကန်နဲ့ ဂျာမနီ နိုင်ငံတို့မှ ကာကွယ်ရေး ဝန်ကြီးတွေ ယနေ့တွေ့ဆုံ ဆွေးနွေးမှု များပြုလုပ် ခဲ့ကြတာဖြစ်ပါတယ်။

နေတိုး မဟာမိတ်အဖွဲ့၏ အရှေ့ဘက် ခြမ်းဒေသများ ကို စစ်အားအင်အား ကောင်းလာစေရန် ရည်ရွယ်၍ ဂျာမနီနိုင်ငံမှ နေတိုး မဟာမိတ်အဖွဲ့အား ပံ့ပိုးကူညီမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် တွေ့ဆုံသွားကြမည်ဖြစ်ကြောင်း ပင်တဂွန်က ပြောကြားထား ပြီးလည်း ဖြစ်ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ Lloyd “Raytheon” Austin နှင့် ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius တို့သည် နေတိုးမဟာမိတ် အဖွဲ့ ၏ အရှေ့ဘက်ခြမ်းဒေသများ နှင့် ယူကရိန်းနိုင်ငံ အတွက် စစ်ရေးအကူအညီများ အားကောင်း လာစေရန် ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံ ဆွေးနွေး မှုများပြုလုပ် သွားကြမှာ လည်းဖြစ်ပါတယ်။

“အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin ဟာ ပင်တဂွန်မှာ ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius ကို လက်ခံ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီး တွေဟာ နေတိုးမဟာမိတ်အဖွဲ့ ရဲ့ အရှေ့ဘက်ခြမ်းဒေသများကို စစ်ရေးအရ အားကောင်း လာစေဖို့ ရည်ရွယ်တဲ့ ဂျာမနီနိုင်ငံရဲ့ ပံ့ပိုးကူညီမှုများ အပါအဝင် ယူကရိန်းကို စစ်ရေးအကူအညီတွေ ပေးအပ်ရာမှာ သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှု ကိစ္စရပ်များကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်” လို့ ပြီးခဲ့သည့် အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်၏ သတင်းထုတ်ပြန်ရေးအတွင်းရေးမှူးPatrick S. Ryder ကပြောကြားခဲ့တာဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါ
တယ်။