တာချီလိတ်မြို့တွင် မိုးထစ်ချုန်းရွာပြီး အမျိုး သမီးတစ်ဦး မိုးကြိုးထိမှန် သေဆုံး

ဇွန် ၂၈

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ပါဆတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင်  အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦးသည် မိသားစုနှင့်အတူ ထမင်း စားရန် ပြင်ဆင်နေစဉ် မိုးထစ်ချုန်းရွာသွန်းပြီး မိုး ကြိုးပစ်ခံမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

      သေဆုံးသူ အမျိုးသမီးမှာ တာချီလိတ်မြို့၊မကာဟိုခမ်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပါဆတ်ရပ်ကွက် နေအိမ်မှ ထမင်းစားဖိတ်သဖြင့် မိသားစုနှင့်အတူ ညစာစားရန်အတွက်သွား‌ရောက်ခဲ့ကြောင်း၊ ၎င်းနေအိမ် သရက်ပင်အောက်ရှိ တဲတွင် ညစာစားရန် ပြင်ဆင်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိရပါသည်။

#PAN