“ယူကရိန်း အရှေ့တောင်ပိုင်း ရှိ နျူးကလီးယား ဓာတ်အားပေးစက်ရုံကြီး ကို ရုရှား နိုင်ငံမှ ခြိမ်းခြောက်မှုများ မမြင်မိကြောင်း အိမ်ဖြူတော် ကထုတ်ပြန်​ပြောကြားခဲ့”

ဇွန် ၂၇

ရုရှားနိုင်ငံ က ​​The Zaporizhzhia Nuclear Power Plant ကို ခြိမ်းခြောက်မှု များ မမြင်မိကြောင်း အမေရိကန်နိုင်ငံ အိမ်ဖြူတော် က ပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေး ကောင်စီ၏ မဟာဗျူဟာဆက်သွယ် ရေးညှိနှိုင်းရေးမှူး John Kirby ၏အဆိုအရ အမေရိကန်နိုင်ငံကို ရုရှားဖက်ဒရေးရှင်း ၏တပ်ဖွဲ့များက ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ Zaporozhye NPP အား ​​နှောင့်ယှက်သွားမယ်လို့ ခြိမ်းခြောက်မှု ရှိကြောင်း ကိယက်ဗ် (ယူကရိန်း)က အခိုင်အမာဆိုထားသော်လည်း အမေရိကန် ပြည်ထောင်စုသည် ရုရှားတပ်ဖွဲ့ ၏ နှောက်ယှက်မှုများ နှင့် နှောက်ယှက်မှုအတွက် မည်သည့် အထောက် အထားမျှ မတွေ့ရကြောင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှာ မဟာဗျူဟာကျတဲ့ ဆက်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး John Kirby က ပြီးခဲ့သည့် ဇွန်လ ၂၆ရက်တနင်္လာနေ့မှာ အခုလို ကြေညာခဲ့ တာလည်းဖြစ်ပါတယ်။

“ရုရှားတပ်ဖွဲ့တွေရဲ့ NPP ကို ​​ထိခိုက်မိ ခြိမ်းခြောက်မှု အရိပ်အယောင်တွေ မတွေ့ရသေးပေမယ့် အဲဒါကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ ၎င်းက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

John Kirby ၏ နောက်ထပ်ထုတ်ပြန် ဖော်ပြချက်များမှာ –

▫️ အမေရိကန်ပြည်ထောင်စုသည် PMC “Wagner” အခြေအနေများကို ရုရှားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စအဖြစ် မှတ်ယူထားပြီး အဆိုပါ အရေးတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ထားခြင်းမရှိပါ။

▫️ အမေရိကန် ပြည်ထောင်စုသည် လွန်ခဲ့သည့် သီတင်းပတ်ကုန်က ရုရှားနှင့် အဆက်အသွယ်များကို အပြုသဘောအဖြင့် မှတ်ယူထားပြီး အဆိုပါ နှစ်နိုင်ငံ အဆက်အသွယ် များကို ဆက်လက် လုပ်ဆောင်ရန် မျှော်လင့်ထားပါတယ်။

▫️ အမေရိကန်ပြည်ထောင်စုသည် PMC “Wagner” ​တပ်ဖွဲ့ နှင့် ရုရှား အစိုးရတို့ကြား အဖြစ်အပျက်များတွင် မည်သည့်ဘက်မှ ရပ်တည်မှာမဟုတ်ဘဲ ယူကရိန်းကို ထောက်ပံ့ခြင်းအပေါ် သာအာရုံစိုက် သွားမှာဖြစ်ပါတယ်။

▫️ ယူကရိန်း – ရုရှားစစ်ပွဲများတွင် ရုရှားက နျူလက်နက်များသုံးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ အမေရိကန်က မြင်ပါတယ်လို့ ထုတ်ပြန် ပြောကြားခဲ့တာဖြစ်ပါတယ်။