“ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် တောင်မီးများစွာ လောင်ကျွမ်းနေပြီး ကမ္ဘာ့ လေထုအရည်အသွေး အဆိုးရွားဆုံး မြို့အဖြစ် စာရင်းဝင်ခဲ့”

ဇွန် ၂၆

ကနေဒါ နိုင်ငံအတွင်းရှိ မွန်ထရီရယ် ပြည်နယ်တွင် တောမီးများစွာ လောင်ကျွမ်းနေခြင်းကြောင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကမ္ဘာ့လေထုအရည်အသွေး အဆိုးရွားဆုံးမြို့အဖြစ် စာရင်းဝင် ခဲ့ရတာလည်းဖြစ်ပါတယ်။

မွန်ထရီရယ်ပြည်နယ်၏ လေထုအရည်အသွေး ညံ့ဖျင်းခြင်းသည် အဆုတ် သို့မဟုတ် နှလုံးရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် အိမ်ပြင်အလုပ်လုပ်သူများအတွက် ကျန်းမာရေး သတိပေးချက် အဆိုးဝါးဆုံး နှင့် အမြင့်မားဆုံးဖြစ်ကြောင်း အဆိုပါဒေသ၏ တာဝန်ရှိသူများက ပြောကြားခဲ့ကြ တာလည်းဖြစ်ပါတယ်။

ကနေဒါ နိုင်ငံ၏ လေထုညစ်ညမ်းမှု သတိပေး ဖော်ပြချက်များသည် ယနေ့ ဇွန်လ ၂၆ရက် တနင်္လာနေ့ညနေ ပိုင်းအထိဖြစ်ပါတယ်။

ကနေဒါနိုင်ငံ Quebecဒေသအတွင်းရှိ မွန်ထရီရယ်ပြည်နယ်တစ်လျှောက် လောင်ကျွမ်းနေသော တောမီး ၏ မီးခိုးငွေ့များကြောင့် နိုင်ငံအတွင်းရှိ ပျော်ပွဲရွှင်ပွဲများကို ရပ်တန့်ထားရပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ကစတင်ပြီး ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့ သည် ကမ္ဘာ့လေ ထုအရည်အသွေး အဆိုးရွား မြို့တစ်ခု ဖြစ်လာခဲ့ရပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။