မွန်ပြည်နယ် ရေးမြို့နယ်ရှိ မီးပေးဝေးရေး ကုမ္မဏီတာဝန်ခံနှင့် စာရင်းစစ်တို့နှစ်ဦးအား ထောက်ပံကြေးမပေးဟုဆိုကာ လက်နက်ကိုင်များမှ  ဖမ်းဆီးခေါ်ဆောင်သွား

ဇွန် ၂၅

      မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ အုပ်စု၊ သပြေရွာသစ်အနီး ကမ်းခြေရှိ Southern Myanmar Developmentt မီးပေးဝေရေး ကုမ္မဏီ တာဝန်ခံနှင့် စာရင်းစစ်တို့နှစ်ဦးအား ထောက်ပံကြေးမပေးဟုဆိုကာ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူများသည် အဆိုပါ ကုမ္မဏီရုံးတွင်ရှိနေစဥ် မော်တော်ယာဥ် နှစ်စီးဖြင့် ပျောက်ကျားယူနီဖောင်း ဝတ်စဥ်ထားသည့်၎င်းအကြမ်းဖက်သောင်းကျန်းသူများ ရောက်ရှိခဲ့ပြီး ၎င်းတို့အား ထောက်ပံကြေးပေးရန် လာရောက်ပြောဆိုခဲ့ကြောင်းနှင့် ကုမ္မဏီဘက်မှ ပေးအပ်ခြင်း မရှိသောကြောင့် ဖမ်းဆီးခေါ်ဆောင်ကာ အောင်သာယာကျေးရွာ ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

     အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ၍  ကုမ္မဏီတာဝန်ခံနှင့် စာရင်းစစ်တို့အား ဖမ်းဆီးသွားသည့် အမည်မသိအကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN