အမေရိကန်-အစ္စရေးစနစ်တွေအစား ကိုယ်ပိုင်လေကြောင်းကာကွယ်ရေးတည်ဆောက်ဖို့ ပြင်သစ်သမ္မတက ဥရောပကို တောင်းဆို

ဇွန် ၂၄

       အမေရိကန်ပြည်ထောင်စုအပေါ် အလွန် အကျွံ မှီခိုအားထားမှုကို ရှောင်ရှားရန် လေပိုင်နက်ကာကွယ်ရေးတွင် လွတ်လပ်ရေးကို ဦးစားပေးရန် သမ္မတ Emmanuel Macron က ဥရောပနိုင်ငံများကို တိုက်တွန်းခဲ့သည်။

      ဥရောပနိုင်ငံ ၂၀ မှ ကာကွယ်ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့် ပါရီညီလာခံတွင် ဥရောပသားများသည် ၎င်းတို့၏ လေပိုင်နက်ကာကွယ်ရေးမဟာဗျူဟာကို ဖော်ဆောင်ရန်လိုအပ်ကြောင်း Macron က အလေး ပေးပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေး အစိတ်အပိုင်းများကို အဓိကထား တည်ဆောက်ထားသော စနစ်မှ ထွက်ခွာရန် ထောက်ခံခဲ့သည်။

     ပြင်သစ်သည် ဥရောပတိုက်လေကြောင်းရန်ကာကွယ်ရေးစွမ်းရည် မြှင့်တင်ပေးရန်အတွက် ဂျာမန်ဦးဆောင်သော အစီအစဉ်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။ European Sky Shield လို့ ခေါ်တဲ့ ယမန်နှစ်နှောင်းပိုင်းက စတင်ခဲ့တဲ့ ပရောဂျက်ကို ဗြိတိန်အပါအဝင် ဥရောပနိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ ဖွဲ့စည်းထားပေမယ့် ပြင်သစ် မပါဝင်ပါ။ ၎င်းကို နေတိုးလေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များတွင် ပေါင်းစည်းရန် ရည်ရွယ်ခဲ့သည်။

     အဆိုပါစီမံကိန်းသည် အမေရိကန်နှင့် အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်များကို အဓိကအခြေခံထားခြင်းကြောင့်ဖြစ်ပြီး ယင်းစီမံကိန်းသည် ဥရောပအချုပ်အခြာအာဏာကို လုံလောက်စွာထိန်းသိမ်းထားခြင်းမရှိကြောင်း ပြင်သစ်အစိုးရက ယုံကြည်နေပါသည်။

#PAN