မိုင်းဖြတ်မြို့နယ်တွင် ထိုင်းနိုင်ငံသူ ၃ ဦး တရားမဝင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာပြီးလူကုန်ကူးခံရ၊ နယ်မြေခံ ရဲတပ်ဖွဲ့မှ လူကုန်ကူးသူတရားခံများကို လိုက်လံရှာဖွေဖမ်းဆီးလျှက်ရှိ

ဇွန် ၂၄

      ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊မြို့မ ရဲစခန်းသို့ ထိုင်းနိုင်ငံသူ ၃ ဦး ရောက်ရှိနေ
ကြောင်း၊ လူကုန်ကူးခံရသူများဖြစ်နိုင်ကြောင်း၊
ဖုန်းဖြင့်သတင်းပို့လာမှုအရ သွားရောက်စစ်ဆေးခဲ့ရာမှ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့နေ Ms
Pontip (7.9.1988)၊NRC No. 1301300116 396၊ PP No.AD 0338597(7.11.2032) ၊ Ms
Kannika (10.11.1982)၊NRC No.3800200 196291 နှင့် ချင်းရိုင်းမြို့နေ Ms Jinjutha
(18.8.2000)၊ NRC No. 1579900889804 နံပါတ်မမှတ်မိအထောက်အထားကတ်မပါ) တို့အား တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

     ၎င်းတို့ကို ထိုင်းနိုင်ငံ မယ်ဆိုင်မှ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့တွင် နေရပ်မသိ ထိုင်းနိုင်ငံသူ မရီယို က ခေါ်ဆောင်ခဲ့ရာ တာချီလိတ်သို့ ခိုးလမ်းမှတစ်ဆင့်(တရားမဝင်) ဝင်ရောက်ခဲ့ပြီး တာချီလိတ်တွင် အမည်မမှတ်မိဟိုတယ်တွင် ညအိပ်ခဲ့ကြောင်း၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့သို့ ခေါ်ဆောင်လာသူ မိတ်ဆွေအိမ်တွင် ညအိပ်ရပ်နားခဲ့ပြီး မိုင်းပေါက်သို့ မေလ ၁၇ ရက်နေ့
နံနက် ၅ နာရီအချိန်တွင် ဆိုင်ကယ်သမားများက လာရောက်ခေါ်ဆောင်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မိုင်းပေါက်သို့ရောက်ရှိခဲ့ကြောင်း၊ ၎င်းနောက် မိုင်းပေါက်အထူးဒေသရှိ ရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရပြီး အချုပ်ကျခဲ့ရာ ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် မိုင်းပေါက်ရဲစခန်းမှ မိမိအစီအစဉ်ဖြင့် ပြန်ရန်ခွင့်ပြုခဲ့၍ မိုင်းပေါက်မှ
တာချီလိတ်သို့ ဆိုင်ကယ်သမားများမှ ခေါ်ဆောင်ခဲ့ရာ မိုင်းဖြတ်မြို့နယ်၊ဆားလို့ကျေးရွာသို့ ဇွန်လ ၂၁ ရက်နေ့ ရောက်ရှိခဲ့ပြီး ဆားလိုကျေးရွာတွင် အမည်မသိလူ ၅ ဦးခန့်က ဖမ်းဆီးခဲ့ပြီးညှင်းပန်းနှိပ်စက်ခံခဲရကြောင်း၊ ဇွန်လ ၂၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ဖမ်းထားသည့် နေရာမှ ထွက်ပြေးခဲ့ရာ (၃/၄) နာရီခန့်အကြာအဆောက်အဦးကို တွေ့သဖြင့် ဝင်ရောက်ခဲ့ရာ ဆားလို့ အမကကျောင်းအုပ် ဦးအောင်ဇင်ဟိန်းနှင့်တွေ့ရှိပြီး မိုင်းဖြတ်မြို့၊မြို့မရဲစခန်းသို့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် လာရောက်အပ်နှံခဲ့ကြောင်း သိရှိရပါသည်။

       မိုင်းဖြတ်မြို့နယ်၊ ဆားလို့ကျေးရွာသို့ ပို့ဆောင်ပေးခဲ့သည့် အဖွဲ့သည် မိုင်းဖြတ်မြို့နယ်  ဆားလို့အုပ်စု၊ဆားလို့ရွာသားများဖြစ်နိုင် ကြောင်း၊ ဆားလို့အထိပို့ခဲ့သည့်လူငယ်များတွင်  လားဟူ ၃ ဦး၊  ရှမ်း၂ ဦးဖြစ်ကြောင်း၊ အမျိုးသမီးသုံးဦးအနက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောပြကြောင်း၊ ထိုဘအမျိုးသမီးသည်  ချင်းရိုင်းတွင်နေထိုင်သူဖြစ်ကာ ထိုချင်းရိုင်းသူသည် လားဟူဘာသာစကား၊ ရှမ်းဘာသာစကားနှင့် နီးစပ်သည့်အတွက် လားဟူဖြစ်သည်၊ ရှမ်းဖြစ်သည်ဟု သိရှိခြင်းဖြစ်ကြောင်း၊ ထို၂၃နှစ်အရွယ်ချိန်းရိုင်းသူ မှ နောက်ဆုံးပြောခဲ့သည့်စကားတခွန်းမှာ ဆားလို့ရွာသား ၅ ဦး၏ အလိုမတူပဲသားမယားပြုကျင့်ခြင်းခံရဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

       ထိုင်းနိုင်ငံသူ ၃ ဦးကို ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်၊သားမယားပြုကျင့် ခဲ့သူ ဆားလို့ရွာသား ၅ ဦးကို မိုင်းဖြတ်မြို့၊မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးလျှက်ရှိကြောင်း၊
အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသူ ၃ ဦးကို လဝက အက် ၃(၁) ကျူး ၁၃(၁) အရ အမှုဖွင့်လှစ်သွားမည်ဖြစ်ပြီး မိုင်းဖြတ်မြို့မရဲစခန်းတွင် အပ်နှံထားရှိသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN