အာရှဒေသသံအမတ်ကြီးများ၏ အီဂျစ်ပါလီမန်လေ့လာရေး အစီအစဉ်တွင် မြန်မာသံအမတ်ကြီး လိုက်ပါလေ့လာ

ဇွန် ၂၃

       အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် သည် အီဂျစ်နိုင်ငံ ခြားရေး ဝန်ကြီးဌာန၊ ကိုင်ရိုအခြေစိုက် အာရှဒေသသံအမတ်ကြီးများအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ ဘင်္ဂလား ဒေ့ရှ် သံအမတ်ကြီး H.E. Mr. Monirul Islam တို့၏ စီစဉ်မှုဖြင့် ၂၀-၆-၂၀၂၃ ရက်တွင် အာရှဒေသ သံအမတ်ကြီးများ၏ အီဂျစ်ပါလီမန်သို့ သွားရောက်လေ့လာသည့် အစီအစဉ်သို့ အာရှဒေသသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ လိုက်ပါလေ့လာခဲ့ပါသည်။

       အဆိုပါလေ့လာရေးအစီအစဉ်သို့ ကိုင်ရိုမြို့အခြေစိုက် အာရှဒေသမှ  သံရုံးများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ဩစတြေး လျ၊ ပါကစ္စတန်၊ မွန်ဂိုလီယား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီယားသံရုံးတို့မှ သံအမတ်ကြီးများ လိုက်ပါခဲ့ကြကြောင်း သိရှိရပါသည်။

#PAN